DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးဘုရားဖူးများကို ဒီဇင်ဘာ ၆ ရက်နေ့တွင် အခမဲ့ ပို့ဆောင်ပေးမည်
DVB
·
November 30, 2017
ကျိုက်ထီးရိုးဘုရားဖူးများကို ဒီဇင်ဘာ ၆ ရက်နေ့တွင် အခမဲ့ ပို့ဆောင်ပေးမည်
Donate to DVB

ကျိုက်ထီးရိုးစေတီတော်ကို လာရောက်မယ့် ဘုရားဖူးပြည်သူတွေကို ဒီဇင်ဘာ ၆ ရက်နေ့မှာ တနေ့တာ အခမဲ့ ပို့ဆောင်ပေးသွားဖို့ ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်အသင်းက စီစဉ်ထားပါတယ်။

တောင်တက်မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က "ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်း ၁၄ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ အခုလိုမျိုး အစီအစဉ်တွေ လုပ်ဆောင်ပေးတာပါ။ ဒီနှစ်နဲ့ဆိုရင် ၅ နှစ်မြောက်ပေါ့။ အရင်နှစ်တွေကလည်း အခုလိုပဲ တနေ့တာ အခမဲ့ပို့ဆောင်ပေးတာတွေ လုပ်ပါတယ်" လို့ ပြောပါတယ်။

အဲဒီနေ့မှာ ဘုရားဖူးပြည်သူတွေကို မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အခမဲ့ပြေးဆွဲမယ့်အပြင် စတုဒီသာ ကျွေးမွေးတာလည်း ပါဝင်မှာဖြစ်ပါတယ်။

"အစ်ကိုတို့ကတော့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ တယောက်မကျန် အခမဲ့ ပြေးဆွဲပေးသွားမယ်။ စတုဒီသာအနေနဲ့ကတော့ ဒန်ပေါက်၊ မုန့်ဟင်းခါး၊ အချိုရည်၊ ရေသန့် စတာတွေ အကုန်တိုက်မှာ" လို့လည်း ဦးမျိုးမြင့်က ပြောပါတယ်။

ပုံမှန်နေ့တွေမှာ ကင်မွန်းစခန်းဂိတ်မှ ကျိုက်ထီးရိုးရင်ပြင်သို့ ရှေ့ခန်း တဦးကို ၂၅၀၀ ကျပ် နောက်ခန်း ၂၀၀၀ ကျပ်နှုန်းနဲ့ ကောက်ခံပြီး ကျိုက်ထီးရိုးတောင်ပေါ်သို့ ယာဉ်အစီးအရေ ၁၅၀ လောက်နဲ့ အလှည့်ကျ နေ့စဉ်ပို့ဆောင်ပေးနေတာပါ။

ပြီးခဲ့တဲနှစ်က ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွားဧည့်သည် ၂၂ သိန်းကျော် လာရောက်ခဲ့ပြီး အခုနှစ်မှာ ကေဘယ်ကား ပြီးစီးသွားလို့ ဘုရားဖူးတွေ ပိုမိုလာရောက်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ဟိန်းထက် (ကျိုက်ထို)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013