DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင် နုတ်ထွက်စာ တင်ထားသည့်ကိစ္စ ပါတီဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူဆုံးဖြတ်မည်
DVB
·
November 29, 2017
ဒေါက်တာအေးမောင် နုတ်ထွက်စာ တင်ထားသည့်ကိစ္စ ပါတီဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူဆုံးဖြတ်မည်
Donate to DVB

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပါတီက နုတ်ထွက်ခွင့်ပြု၊ မပြု ဆိုတာနဲ့ပတ်သက်ပြီး ဒီဇင်ဘာလအတွင်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ပါတီတာဝန်နဲ့ ပါတီကနေ နုတ်ထွက်ခွင့်ပြုဖို့ နိုဝင်ဘာ ၂၇ ရက်စွဲနဲ့ စစ်တွေမြို့က ပါတီဌာနချုပ်ထံကို စာပေးပို့လိုက်တဲ့ကိစ္စ အခုလို ပြောဆိုလိုက်တာပါ။

ရခိုင်အမျိုးသားပါတီ ဒုက္ကဋ္ဌ ခိုင်ပြည်စိုးက  “နုတ်ထွက်ခွင့်တင်တာပဲ ရှိပါတယ်။  ပါတီက နုတ်ထွက်ခွင့်ပေး၊ မပေး ဆိုတာကတော့ CEC ဆုံးဖြတ်ချက် ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်တယ်။ အဲ့ဒီတော့ ဥက္ကဋ္ဌတယောက်ဆိုတော့ CEC လောက်နဲ့လည်း မဖြစ်ဘူး။ ဗဟိုကော်မတီအစည်းအဝေး ခေါ်ပြီးမှ ဒီကိစ္စကို ဆွေနွေးဖို့ လိုတယ်လို့ ကျနော်က ဒီလိုပဲ မြင်ပါတယ်။ အစည်းအဝေးကို ဘယ်အချိန် ခေါ်မလဲဆိုတာကို ဥက္ကဋ္ဌအဖွဲ့အတွင်းအရေးအဖွဲ့ အစည်းအဝေးထိုင်ပြီးမှပဲ ဆုံးဖြတ်ကြမယ်။ အစည်းအဝေးတခု အမြန်ဆုံး ဖြစ်နိုင်အောင်တော့ စီစဉ်ထားပါတယ်။ ဘယ်နေ့ဆိုတာတော့ ပြောလို့မရဘူး။ သို့သော် ဒီဇင်ဘာလအတွင်းလောက်မှာပဲ ဖြစ်နိုင်ပါတယ်။”

ဒေါက်တာအေးမောင်နဲ့ ပတ်သက်ပြီး ပါတီအတွင်းမှာ ကြီးမားတဲ့ပြဿနာ တစုံတရာ မရှိဖူးသလို ပါတီအတွင်းမှာ တဦး တယောက်တည်း ဆုံးဖြတ်လုပ်ကိုင်တာလည်း မရှိဘူးလို့ သူက ပြောပါတယ်။ ဒါ့အပြင် ရခိုင်အမျိုးသားပါတီက ပါတီဝင်တွေ ဆက်တိုက်ဆိုသလို နုတ်ထွက်လာတဲ့အပေါ်မှာလည်း ဦးခိုင်ပြည်စိုးက အခုလိုပြောပါတယ်။

“ကျနော်တို့ မြင်တာက အပိုင်းနှစ်ပိုင်းရှိတယ်။ တပိုင်းက ပါတီအတွင်းမှာ လုပ်တဲ့သူတွေက အပြင်မှာ စီးပွားရေးလုပ်ဖို့ အတော်ခက်သွားပြီ၊ မိသားစုအရေး ဟိုကိစ္စဒီကိစ္စတွေပေါ။ အဲဒါကြောင့်မို့လို့ နုတ်ထွက်တဲ့သူတွေလည်း တပိုင်း ရှိမယ်။ သို့မဟုတ် တကယ်လို့ ပါတီမှာ စိတ်ဝင်စားမှု အားနည်းတယ်။ သဘောထား မတိုက်ဆိုင်မှု အဲဒီလို နုတ်ထွက်တဲ့ အပိုင်းတွေလည်း ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ပါတီမှာက ဖွဲ့စည်းပုံမှာ ပုဒ်မ ၆၅၊ အဲဒီမှာက ဘာပဲဖြစ်ဖြစ် မိမိကိုယ်တိုင် နုတ်ထွက်ပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် အဲဒီနုတ်ထွက်ခွင့်ကို ပါတီဗဟိုအလုပ်မှုဆောင်ကပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။”

ဒီကိစ္စ ကာယကံရှင်ဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ဒီဗွီဘီက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒေါက်တာအေးမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013