DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မိသားစုဝင် ၄ ဦး အသတ်ခံရမှု မြန်မာ၂ ဦးကို အပူတပြင်း ရှာဖွေ
DVB
·
November 29, 2017
ထိုင်းတွင် မိသားစုဝင် ၄ ဦး အသတ်ခံရမှု မြန်မာ၂ ဦးကို အပူတပြင်း ရှာဖွေ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ပရကျုတ်ခီရီခန်ခရိုင်ထဲမှာ မနေ့က အသက်၅ နှစ်အရွယ် ကလေးမလေးတဦး အပါအဝင် ထိုင်း ရော်ဘာခြံအလုပ်သမား မိသားစုဝင် ၄ ဦး အသတ်ခံရတဲ့ အလောင်းတွေ တွေ့ရှိပြီးနောက် အခန်းချင်းကပ် နေထိုင်သူ မြန်မာအလုပ်သမား ၂ ဦးကို ထိုင်းရဲတွေက အပူတပြင်း ရှာဖွေနေပါတယ်။

မြန်မာနိုင်ငံနဲ့ ၄ ကီလိုမီတာလောက် သာကွာဝေးတဲ့ ပရကျုတ်ခီရီခန်ခရိုင် ပန်ဆဖန်းနွဲ့မြို့နယ် ချန့်ရိတ်ကျေးရွာအုပ်စုရှိ ရာဘာခြံတခုထဲမှာ မိသားစုလိုက် အသတ်ခံရကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့က တိုင်ကြားချက်ရရှိတဲ့အတွက် အခင်းဖြစ်ပွားရာ နေရာကို ရဲတွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။

ကြည့်ရှုစစ်ဆေးရာမှာ ရာဘာတောထဲရှိ အလုပ်သမားတန်းလျားမှာ လည်ပင်းနဲ့ လက်တွေ အခုတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ၅ နှစ်ရွယ် မိန်းကလေးငယ် ၁ ဦးတို့ကို တွေ့ရှိရပြီး အနီးမှာလည်း ဓားမတချောင်းနဲ့ တံဇဉ်တချောင်းကို သက်သေအဖြစ် သိမ်းဆည်းရမိတယ်လို့ ဘန်ဆဖန်းနွဲ့ မြို့နယ်ရဲမှူး ဆကွန်း ဆစ်ထိဝိချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

ခြံပိုင်ရှင်ကို မေးမြန်းချက်အရ သေဆုံးသူတွေဟာ လွန်ခဲ့တဲ့လပိုင်းကမှ ရောက်လာတဲ့ ရာဘာစေးခြစ် အလုပ်သမား မိသားစုဝင်တွေ ဖြစ်ကြကြောင်း၊ နရသီဝပ်ခရိုင်မှ နိုင်းအမ်းဖွန်း ခမ်းခုံး (၂၇ နှစ်)၊ သူ့ရဲ့ဇနီး နန်းဆောင်ပုတ်ဒါးငေါက်ဖိလိုင်း (၂၆ နှစ်)၊ သူ့ရဲ့သမီး နာရရတ်ခမ်းခုံး (၅ နှစ်) နဲ့ သူ့ဖခင် နိုင်းပဆုန်ခမ်းခုံး (၅၀ နှစ်) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူမရဲ့ ရော်ဘာခြံ အလုပ်သမားတန်းလျားမှာ ၂ ခန်းတွဲဖြစ်ပြီး နောက်တခန်းမှာ မြန်မာပြည်က မွန်အလုပ်သမား ၂ ဦး နေထိုင်ကြကြောင်း၊ သူတို့ကို ရော်ဘာစေးအလေးချိန် တန်ပေါင်း ၂၀၀၀ ခြစ်ပေးဖို့ ငှားရမ်းထားကြောင်း၊ မနေ့က သူမဟာ အလုပ်သမားတွေ မရောက်လာလို့ တန်းလျားကို လိုက်ကြည့်ရာမှာ အားလုံး တံခါးပိတ် တိတ်ဆိတ်နေပြီး  မသင်္ကာလို့ အခန်းထဲ ဖွင့်ကြည့်ရာမှာတော့ သေဆုံးသူတွေ တွေ့ရကာ မြန်မာလုပ်သား ၂ ဦးလည်း ပျောက်ဆုံးနေတယ်လို့ အလုပ်ရှင်က ပြောပြပါတယ်။

မြန်မာလုပ်သား ၂ ဦးနဲ့ သေဆုံးသူ မိသားစုတို့ဟာ ဒီမတိုင်ခင်က ရော်ဘာပင်ခြစ်တဲ့ လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး အချင်းများခဲ့တယ်လို့ သိရတဲ့အတွက် မြန်မာလုပ်သားတွေကို သံသယအရှိဆုံး အဓိကတရားခံအဖြစ်ထားပြီး သူတို့ ထွက်ပြေးခိုလှုံနိုင်မယ့် နေရာတွေ၊ မြန်မာနယ်စပ် ထွက်ပေါက်တွေ အကုန်လုံးကို ကြပ်မတ်စစ်ဆေးနေတယ်လို့ မြို့နယ်ရဲမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013