DVB Logo
Home
မြန်မာသတင်း
ရေဦး-ကလေးဝ လမ်းပေါ် တရားမဝင်ပိတောက်သား ၉ တန်ကျော် ဖမ်းမိ
DVB
·
November 29, 2017
ရေဦး-ကလေးဝ လမ်းပေါ် တရားမဝင်ပိတောက်သား ၉ တန်ကျော် ဖမ်းမိ
Donate to DVB

ကလေးခရိုင် မင်းကင်းမြို့နယ်ထဲက မဟာမြိုင်တောတွင်းလမ်း ရေဦး-ကလေးဝလမ်း မိုင်တိုင် ၇၃ နဲ့ ၇၄ ကြားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က  ပိတောက်သား ၉ တန်ကျော်ကို တရားမဝင် သယ်ဆောင်လာတဲ့ ဆယ်ဘီးကားနဲ့အတူ ယာဉ်မောင်းကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ မင်းကင်းမြို့နယ် သစ်တောဌာနက သိရပါတယ်။

မင်းကင်းမြို့နယ် သစ်တောဦးစီးမှူး ဦးချစ်သန်းထွန်းက “ကျနော်တို့ သစ်တောက မုံရွာသစ်တောဌာနနဲ့ သတင်းရလို့ ကလေးခရိုင် သစ်တောဦးစီးမှူး အပါအဝင် ကလေးဝမြို့နယ် သစ်တောဦးစီးပါ လိုက်ပါပြီး ပျဉ်းကိုင်ဘိနယ် သစ်တောအဖွဲ့နဲ့ ပူးပေါင်း စောင့်ဆိုင်းနေကြတယ်။ အဲဒီမှာ ဆယ်ဘီးကား အဖြူက ရပ်ထားတယ်။ စက်ပျက်တာလိုလို ဘာလိုလိုနဲ့ပေါ့။ နောက် ဘော်ဒီကို မိုးကာအုပ်ထားတယ်။ ဒါနဲ့ မသင်္ကာလို့ စစ်လိုက်တော့ ပိတောက်သားသစ်ခွဲသားတွေ တွေ့ရတယ်” လို့ ပြောပါတယ်။

အဲဒီတရားမဝင်သစ် သယ်ဆောင်လာတဲ့ ယာဉ်နဲ့အတူ ဖမ်းဆီးမိခဲ့သူ အမျိုးသားကတော့ ကလေးဝမြို့ အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ မျိုးမင်းထွေး ဆိုသူ ဖြစ်ပြီး ပြည်သူပိုင်ပစ္စည်း ပုဒ်မ  ၆၁ နဲ့ အမှုဖွင့် တိုင်တန်းထားပါတယ်။

မင်းကင်းမြို့နဲ့ ချင်းတွင်းမြစ် ခြားနေတဲ့ တဖက်ကမ်းနယ်မှာ တရားမဝင် သစ်ထုတ်မှုတွေကနေ မကြာခဏ သစ်တွေကို ဖမ်းဆီးရမိနေတာလည်း ဖြစ်ပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013