DVB Logo
Home
မြန်မာသတင်း
ကိုရီးယားထုတ် အလှကုန်ပစ္စည်း ၃ မျိုး သုံးစွဲရန်မသင့်ကြောင်း ကြေညာ
DVB
·
November 29, 2017
ကိုရီးယားထုတ် အလှကုန်ပစ္စည်း ၃ မျိုး သုံးစွဲရန်မသင့်ကြောင်း ကြေညာ
Donate to DVB

မလေးရှားနိုင်ငံမှတင်သွင်းတဲ့ ကိုရီးယားနိုင်ငံထုတ် အလှကုန်ပစ္စည်း ၃ မျိုးမှာ တားမြစ်ဓာတုပစ္စည်း မာကျူရီပါဝင်တာ စစ်ဆေးတွေ့ရတယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ကြေညာပါတယ်။

Korea Haiya Biotechnology ကုမ္ပဏီက ထုတ်လုပ်တဲ့ ASDANNE အမှတ်တံဆိပ် Whitening Freckie Day Cream၊ Night Cream နဲ့ Refreshing Isolation Cream   အလှကုန်ပစ္စည်း ၃ မျိုးမှာ တားမြစ်ဓာတုပစ္စည်း မာကျူရီ များစွာပါဝင်ကြောင်း စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ မှူးဝတီကုမ္ပဏီကို ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်းတွေ ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချတာ လုံးဝရပ်ဆိုင်းပြီး ဖြန့်ဖြူးထားတဲ့ ပစ္စည်းတွေ ဈေးကွက်ထဲက အမြန်ဆုံး ပြန်လည်ရုပ်သိမ်းဖို့လည်း FDA က ညွှန်ကြားထားပါတယ်။

ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်းကို ကိုယ်တိုင်သုံးစွဲပြီး မိတ်ဆွေတွေကို ပြောဆိုရောင်းခဲ့သူ မမာလာကတော့ သူ့မျက်နှာမှာ ဒီအလှကုန်ကြောင့် အဖုအပိန့်တွေ ထွက်လာတဲ့အတွက် စင်ကာပူနိုင်ငံမှာနေထိုင်တဲ့ သူ့အမျိုးသား ကိုဝင်းထွန်းအောင်က စင်ကာပူဓာတ်ခွဲခန်းမှာ နိုဝင်ဘာ ၂၀ ရက်နေ့က စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ သတ်မှတ်နှုန်းထားထက် အန္တရာယ်ရှိတဲ့ မာကျူရီပါဝင်နှုန်း များနေတယ်လို့ ဆိုပါတယ်။

လက်ရှိ မမာလာဟာ စင်ကာပူမှာ မျက်နှာသွားရောက် ကုသနေတဲ့အပြင် သူရောင်းချခဲ့တဲ့ မိတ်ဆွေတချို့လည်း မျက်နှာမှာ ယားယံမှုနဲ့ အဖုအပိန့်တွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မိသားစုဝင်ရဲ့ ပြောပြချက်အရ ဒီပစ္စည်းရဲ့ ကိုရီးယားလိပ်စာနဲ့ ကုမ္ပဏီဟာလည်း ကိုရီယားနိုင်ငံမှာ မတွေ့ရှိဘဲ တာဝါအဆောက်အအုံတခုသာ လတ်တလော တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အဲဒီအမှတ်တံဆိပ် အလှကုန်ပစ္စည်းတွေကို တဆင့်တင်သွင်းခဲ့တဲ့ ကုမ္ပဏီကတော့ မှူးဝတီကုမ္ပဏီဖြစ်ပြီး မြန်မာပြည်မှာ ကိုယ်စားလှယ်တွေ ထားရှိကာ ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013