DVB Logo
Home
မြန်မာသတင်း
ပိုးကျပြီး ပဲအထွက်နှုန်း ကျဆင်းမည်ကို ဖြူးမြို့နယ် ပဲစိုက်တောင်သူများ စိုးရိမ်
DVB
·
November 29, 2017
ပိုးကျပြီး ပဲအထွက်နှုန်း ကျဆင်းမည်ကို ဖြူးမြို့နယ် ပဲစိုက်တောင်သူများ စိုးရိမ်
Donate to DVB

ပဲခူးတိုင်း ဖြူးမြို့နယ်မှာ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ပဲစိုက်ပျိုးမှု နောက်ကျခဲ့ရပြီး ရောဂါပိုးတွေ ကျနိုင်တာကြောင့် ပဲထွက်နှုန်းလည်း ကျဆင်းသွားမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံ ပဲစိုက်တောင်သူတွေက ပြောပါတယ်။

ဖြူးမြို့နယ်ထဲက ပဲစိုက်တောင်သူ ကိုတိုးက “အရင် ဒီအချိန်ဆို ပဲပင်တွေက အတော်ဖြစ်နေပြီလေ။ ဒီနှစ်တော့ ရာသီဥတုကြောင့် နောက်ကျတယ်။ စိုက်ချိန်နောက်ကျတော့ ပဲပင်ရဲ့ ခံနိုင်ဝန်ပေါ့ ခုခံအားကျမယ်။ အဲဒီမှာ ရောဂါဖြစ်နိုင်ခြေ ပိုများမယ်။ ဒါ ကျနော်တို့ လုပ်လာခဲ့တဲ့ အတွေ့အကြုံအရပေါ့။ ဘာရောဂါတွေ အဖြစ်များမလဲဆိုတော့ မှိုရောဂါ၊ ရွက်ဖောက်ပိုး၊ ပင်စည်ထိုးရင် ဒီဘက်မှာ ခေါ်တာတော့ ယင်ဖြူပေါ့၊ ဖြုတ်ပိုး၊ အဲဒါတွေကတော့ ဖြစ်ဖို့များတယ်။ ဒါကို စိုက်ပျိုးရေးဘက်က ပညာရှင်တွေကတော့ ဘယ်လိုပြောမလဲ မသိဘူးပေါ့။ ကျနော်တို့ကတော့ လုပ်လာတဲ့ အတွေ့အကြုံအရ ပြောတာပါ” လို့ ဆိုပါတယ်။

ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ “ရောဂါပိုးဝင်မယ်လို့တော့ ခန့်မှန်းလို့တော့ မရသေးဘူးပေါ့။ အခုမှ စိုက်မှာဆိုတော့ ပိုးကျရင်တော့ ဆေးဖျန်းရမှာပေါ့။ ပိုးကျမယ်၊ မကျဘူးကတော့ ကျနော်တို့ဘက်က ခန့်မှန်းရ ခက်တာပေါ့နော်။ ထင်ကြေးကတော့ မပေးချင်ဘူးလေ။ တကယ်လို့ ဖြစ်လာရင်လည်း ကုသရမှာပေါ့။ ဒါကလည်း စိုက်ပြီး နှစ်ပတ်သားလောက်မှ အခြေအနေကြည့်ပြီး ဆေးဖျန်းတာတို့ ဘာတို့ လုပ်တာကို၊ ပိုးကျလာပြီဆိုရင်လည်း ကွင်းဆင်းပြီး ကြည့်တာ စစ်ဆေးတာတွေ လုပ်ပေးမှာပါ” လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ ဖြူးမြို့နယ်ထဲက ပဲစိုက်ဧက ၁ သိန်း ၁ သောင်းကျော် စိုက်ပျိုးခဲ့ပြီး မတ်ပဲကို အဓိကထား စိုက်ပျိုးခဲ့ပါတယ်။

အခုနှစ်မှာတော့ လက်ရှိအချိန်ထိ ခန့်မှန်းဧက ၁ သောင်းကျော်သာ စိုက်ပျိုးထားပြီး ဧက ၁ သိန်းကျော် စိုက်ပျိုးဖို့ ကျန်ရှိနေသေးတယ်လို့ ဖြူးမြို့နယ် စိုက်ပျိုးရေးဌာနက သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013