DVB Logo
Home
မြန်မာသတင်း
တာချီလိတ် ငွေတောင်ဦး ဆရာတော်၏ ပညာဒါနအလှူဒါန အကယ်ဒမီမေသန်းနု ပါဝင်ကူညီ
DVB
·
November 28, 2017
တာချီလိတ် ငွေတောင်ဦး ဆရာတော်၏ ပညာဒါနအလှူဒါန အကယ်ဒမီမေသန်းနု ပါဝင်ကူညီ
1 / 5
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းရွာ အထက်တန်းကျောင်းက ကျောင်းသား ကျောင်းသူတွေကို တာချီလိတ် ငွေတောင်ဦးဆရာတော် ဒေါက်တာဘဒ္ဒန္တဝိရောစနက   ငွေကျပ် ၅၅၇ သိန်းဖိုး အဝတ်အထည်နဲ့ အစားအစာ အလှူဒါန မနေ့ကပြုလုပ်ခဲ့ပါတယ်။   

အလှူပွဲကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမေသန်းနု ရောက်ရှိလာပြီး ပါဝင် ကူညီလှူဒါန်းပေးခဲ့တယ်လို့ တာချီလိတ် ငွေတောင်ဦးဆရာတော် ဒေါက်တာဘဒ္ဒန္တဝိရောစနက မိန့်ပါတယ်။

“စာသင်ဆောင်တွေ၊ လမ်းတံတားတွေ ကျပ်သိန်း ၁၇၀၀၀ ကျော် လှူခဲ့တယ်။ စာသင်ကြားနေတဲ့ ကလေးတွေကို ကြည့်မိတယ်။ ဝတ်ဆင်ထားတာ နွမ်းနေကြတယ်။ ကလေး ဆိုတော့ ဝတ်ချင်ရှာမယ်။ ဝယ်ပေးရရင် ကောင်းမယ် စိတ်ကူးမိတာကြောင့် လှူဖြစ်သွားတယ်။ ကျောင်းဝတ်စုံနဲ့ စာရေးကိရိယာတွေ လှူပြီးပြီ။ အခုလှူတာက ကလေးတွေဆန္ဒကို မေးပြီး အရောင်ပါတဲ့ အဝတ်အထည် လှူလိုက်တယ်” လို့ ဆရာတော်က ပြောပါတယ်။

အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူရှိန်က “တာချီလိတ် ငွေတောင်ဦး ဆရာတော်က ကျောင်းသား ကျောင်းသူတွေ စာသင်ကြားရာမှာ အဝတ်အစားကြောင့် စိတ်ညစ် စိတ်ရှုပ်ပြီး ပညာရေး နောက်ကျမှာ စိုးရိမ်လို့ အဝတ်အထည်၊ ဆန်နဲ့ စားစရာတွေ လှူတယ်။ အကယ်ဒမီမေသန်းနုက ဆရာတော်ရဲ့ အလှူဒါနကို ကူညီဆောင်ရွက်ပေးတယ်။ ကလေးတွေကိုလည်း စာကြိုးစားကြဖို့ အားပေးစကားပြောတယ်။ သူကိုယ်တိုင်ပဲ ကလေးတွေ လက်ကို အဝတ်အစားတွေ ပေးတယ်” လို့ ပြောပါတယ်။

၁၀ တန်း ကျောင်းသား မောင်မြင့်မြတ်မိုးက “ဆရာတော်က သားတို့ရဲ့ လိုအပ်တာတွေ အားလုံးလိုလို ဖြည့်ဆည်းပေးပါတယ်။ သားတို့တတွေ ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်လို့ ခဏ ခဏ မိန့်ပါတယ်။ အခုလည်း ရုပ်ရှင်မင်းသမီး အကယ်ဒမီ ဒေါ်မေသန်းနုက သားတို့တတွေ စာကြိုးစားဖို့ အားပေးတယ်။ အနီးကပ် မြင်ဖူးချင်တာ မြင်ခွင့်ရလို့ ပျော်တယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် သဘွတ်ကုန်းရွာ အထက်တန်းကျောင်းမှာ ကျောင်းသား ကျောင်းသူ ၇၀၀ ကျော်ရှိပြီး ဆရာ၊ ဆရာမ ၃၁ ယောက် ရှိနေပါတယ်။

ကျောင်းသား ကျောင်းသူနဲ့ ဆရာ၊ ဆရာမအားလုံးရဲ့ နေ့စဉ် စားသောက်ရေး မနက် နေ့လယ် ညစာကို သဘွတ်ကုန်း ဘုန်းတော်ကြီးကျောင်းက ကျွေးပါတယ်။ သဘွတ်ကုန်း ရွာသူရွာသား ၃၅၀၀ ကျော် အိမ်ထောင်စု ၉၀၀ ခန့်ကိုလည်း အဝတ်အထည်၊ ဆန်နဲ့ အစားအစာတွေ လှူခဲ့တယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013