DVB Logo
Home
မြန်မာသတင်း
စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် တမူးမြို့က ပြည်သူများ အခက်ကြုံနေ
DVB
·
November 28, 2017
စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် တမူးမြို့က ပြည်သူများ အခက်ကြုံနေ
Donate to DVB

နှစ်နိုင်ငံနယ်စပ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မိုရေးမြို့ရဲ့ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်တွေက ဖြစ်လာတဲ့ အနံ့အသက်တွေကြောင့် မြန်မာနိုင်ငံ နယ်စပ်မြို့ ဖြစ်တဲ့ တမူးမြို့က ပြည်သူတွေအတွက် ကျန်းမာရေး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူးယစ်ဆေးဝါး အသုံးပြုထားတဲ့ စွန့်ပစ်ပစ္စည်းတွေ ပါလာတဲ့အခါ မီးရှို့ ဖျက်ဆီးတာတွေကြောင့် အနံ့အသက်က ပိုဆိုးတယ်လို့ ပြောပါတယ်။ အမှိုက်စွန့်ပစ်တာတွေ များလာတဲ့အခါ လာရှင်းပေးပေမယ့်လည်း နယ်စပ်ကို ဖြတ်စီးနေတဲ့ မြောင်းထဲကို ထိုးချတာ ဖြစ်တာကြောင့် ရေထုညစ်ညမ်းမှုပါ ဖြစ်လာတယ်လို့ လည်း ဒေသခံတွေက ပြောကြပါတယ်။

နှစ်နိုင်ငံ နယ်စပ်နဲ့ပတ်သက်လို့ နှစ်ဖက်အစိုးရတာဝန်ရှိသူတွေ အစည်းအဝေးပြုလုပ်စဉ်က အမှိုက်တွေ စွန့်ပစ်တာတွေ ရပ်ဖို့ သဘောတူညီထားပြီး ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဌာနတွေအနေနဲ့ ခဏတဖြုတ် ဖြေရှင်းတာမျိုး မဟုတ်ဘဲ ထိရောက်တဲ့ အရေးယူမှုတွေ ပြုပေးစေချင်လို့ တမူးမြို့ဒေသခံတွေကို လိုလားနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013