DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေးဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ဟု အန်အယ်လ်ဒီအမတ်ပြော
DVB
·
November 28, 2017
ရခိုင်ပြည်နယ်အရေးဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ဟု အန်အယ်လ်ဒီအမတ်ပြော
Donate to DVB

အန်အယ်လ်ဒီ အစိုးရအတွက် ရခိုင်အရေးဟာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး အနူးညံ့ဆုံး ဖြေရှင်းပေးနိုင်ဖို့ လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အမှတ် (၈) မဲဆန္ဒနယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ ကလေးမြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်အလုပ်အမှုဆောင် အဖွဲ့ဝင်များ ပထမအကြိမ် တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က “ရခိုင်အရေးဟာ ခက်ခဲပါတယ်။ တော်တော်များများကို ခက်ခဲနေပါတယ်။ ဒါပေမယ့် ဒီအခက်အခဲပေါ်မှာ ကျနော်တို့ပါတီနဲ့ အစိုးရရဲ့ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ နောက်ဆုံး စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။ ဒီကိစ္စကိုသာ ကျနော်တို့ အကောင်းမွန်ဆုံးနဲ့ အပီပြင်ဆုံး အသေသပ်ဆုံး ကိုင်တွယ်နိုင်လိမ့်မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အနိုင်ရရှိမှုဟာ မြေကြီးလက်ခတ်မလွဲ ဒုတိယအကြိမ် အစိုးရသက်တမ်းကို ပြန်လည်တာဝန်ထမ်းဆောင်နိုင်ဖို့ အခွင့်အရေး အကောင်းဆုံး ရရှိလာမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး လက်ရှိ အန်အယ်လ်ဒီ အစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေ ကျရောက်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အလေးထား ဖြေရှင်းဆောင်ရွက်နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီးလည်း ဦးကိုကိုနိုင်က “ရခိုင်ပြည်နယ် အရေးကိစ္စဟာ အင်မတန်မှ ခက်ခက်ခဲခဲနဲ့ မဟာဗျူဟာ နည်းဗျူဟာကျကျ နိုင်ငံတော်အတိုင်ပင်ခံရဲ့ နိုင်ငံရေးတည်ရှိမှုတွေအပေါ်မှ ကမ္ဘာ့နိုင်ငံအသီးသီးက လက်ခံနိုင်လောက်အောင် အိုအိုင်စီအဖွဲ့ကို အန်တုနိုင်လောက်အောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စီမံလမ်းညွှန်မှုနဲ့ ပီပီပြင်ပြင် ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013