DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ တပ်ခြံစည်းရိုး ပျက်စီး
DVB
·
November 28, 2017
ကျောက်မဲတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ တပ်ခြံစည်းရိုး ပျက်စီး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အဝင် မင်းလမ်းမကြီးပေါ်ရှိ အမြောက်တပ်ရင်းရှေ့မှာ မနေ့ညက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒီမနက် အဲဒီနေရာနဲ့ မနီးမဝေးမှာ မပေါက်ကွဲသေးတဲ့ မိုင်းတလုံး ထပ်မံတွေ့ရှိခဲ့ပါတယ်။

မနေ့ည ၈ နာရီ ၄၀ လောက်မှာ ပေါက်ကွဲသံကြားပြီး တာဝန်ရှိသူတွေက သွားရောက်ကြည့်ရှု စစ်ဆေးရာမှာ လက်လုပ်မိုင်းပေါက်ကွဲပြီး တပ်ခြံစည်းရိုး ပျက်စီးသွားတယ်လို့ ကျောက်မဲ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညက မိုင်းပေါက်ကွဲတယ်ဆိုတဲ့သတင်း ကြားတော့ လူတွေထိခိုက်ရင် ကူညီရအောင်လို့ ကျနော်တို့အဖွဲ့ဝင်က ကားနဲ့သွားကြည့်တယ်၊ ထိခိုက်ဒဏ်ရာရတဲ့လူ မရှိဘူးဆိုတော့ ပြန်ခဲ့တယ်။ တပ်စည်းရိုး အုတ်တံတိုင်းကတော့ ဆယ်ပေကျော်လောက် ပျက်စီးသွားတယ်။ မြေကလည်း ၆ လက်မလောက် နက်ဝင်သွားတာပေါ့နော်။ မိုင်းအမျိုးအစားက လက်လုပ်မိုင်းလို့ ရဲက ပြောတယ်ခင်ဗျ။ ဒီမနက်စောစောမှာ တပ်မတော်က အဲဒီနေရာတဝိုက် ရှင်းလင်းရေးလုပ်တော့ မနေ့ညက ပေါက်တဲ့နေရာရဲ့ အရှေ့မှာ မိုင်းတလုံး ထပ်တွေ့တယ်လို့ ပြောတယ်။ ပေါက်ကွဲမှုတော့ မဖြစ်ဘူး” လို့ ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့လက်ချက်လဲ ဆိုတာ မသိရသေးပါဘူး။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သက်ဆိုင်ရာ အာဏာပိုင်တွေကို မေးမြန်းဖို့ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့  ရဲတပ်ဖွဲ့တွေကို ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားပေးသူ မရှိပါဘူး။

Photo : Tachileik News Agency

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013