DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ခေါင်းဆောင်တချို့ တွေ့ဆုံ  
DVB
·
November 28, 2017
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ခေါင်းဆောင်တချို့ တွေ့ဆုံ  
Donate to DVB

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့တို့  မနေ့က နေပြည်တော်မှာ တွေ့ဆုံပြီး လတ်တလော ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံရာမှာ ပါဝင်တဲ့ ဦးဂျင်မီက  “ဒါကတော့ ပုံမှန်တွေ့တာလို့ပဲ ပြောလို့ရပါတယ်။ ကျနော်တို့က ဖယ်ဒရယ် အခြေခံမူဆိုင်ရာ ဆွေးနွေးပွဲအတွက် နေပြည်တော်ကို ရောက်နေတယ်။ အန်တီကလည်း အချိန်ပေးနိုင်လို့ တွေ့ကြတာပါ။ အဓိကကတော့ လတ်တလောဖြစ်နေတဲ့ ငြိမ်းချမ်းရေး အခြေအနေတွေ၊ တနင်္သာရီတိုင်းမှာ ကျနော်တို့ လုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းတွေ ပြောဖြစ်ပါတယ်”လို့ ပြောပါတယ်။

မနေ့ညနေပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နေအိမ်တွေ့ဆုံပွဲမှာ  ဦးမင်းကိုနိုင် ဦးဂျင်မီ၊ စမ်းချောင်းကိုကိုကြီးနဲ့ ဦးကိုကိုလှိုင်တို့ အတူတွေ့ဆုံခဲ့ကြတာပါ။

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်ဆောင်တွေဟာ နေပြည်တော်မှာ ကျင်းပတဲ့ ဖယ်ဒရယ်အခြေခံမူဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနဲ့ စားပွဲဝိုင်း ဆွေးနွေးပွဲတွေမှာလည်း ပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Photo : The 88 Generation Peace and Open Society

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013