DVB Logo
Home
မြန်မာသတင်း
ပလက်ဝ တိုက်ပွဲကြောင့် ဒေသခံ ထောင်ချီပြီး အိန္ဒိယဘက် ထွက်ပြေး
DVB
·
November 28, 2017
ပလက်ဝ တိုက်ပွဲကြောင့် ဒေသခံ ထောင်ချီပြီး အိန္ဒိယဘက် ထွက်ပြေး
Donate to DVB

ပလက်ဝဒေသမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး အိန္ဒိယဘက် ထွက်ပြေးနေကြတယ်ဆိုတဲ့ သတင်းတွေ ကြားပေမယ့် အတည်ပြုလို့ မရနိုင်သေးဘူးလို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောပါတယ်။

နိုဝင်ဘာလဆန်းကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ အေအေ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၁၄၀၀ ကျော် အိန္ဒိယဘက် ထွက်ပြေးခဲ့ကြတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် ဝန်ကြီးချုပ်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးကြည့်ရာမှာ ပလက်ဝ အုပ်ချုပ်ရေးဌာနတွေဆီက သတင်းတက်မလာသေးလို့ အတည်မပြုပေးနိုင်ဘူးလို့ ပြောပါတယ်။

“သတင်းအတိအကျတော့ မရသေးဘူး၊ ကျနော်တို့လည်း အဲ့လိုပဲ ကြားတာပဲ ရှိတယ်၊ အဲဒီနေရာက မြို့နဲ့လည်း အလှမ်းဝေးတယ်၊ နောက် သွားရေးလာရေးလည်း နည်းနည်း ခက်တယ်၊ လုံခြုံရေးအရလည်း လွတ်လွတ်လပ်လပ်သွားဖို့ နည်းနည်း အခက်အခဲရှိနေတော့ တက်မလာသေးဘူး၊”

တိုက်ပွဲ ဆက်ဖြစ်နေတုန်းလို့ ကြားတဲ့အကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံထုတ် The India Express မှာတော့ အိန္ဒိယနိုင်ငံ၊ မီဇူရမ်ပြည်နယ်ထဲကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ပကာဝ၊ ပင်လယ်ဝ စတဲ့ ကျေးရွာတွေက ဒေသခံ တိုင်းရင်းသား ၁၂၀၀ လောက် ထွက်ပြေးရောက်ရှိလာတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013