DVB Logo
Home
မေးမြန်းခန်း
ဆူနာမီ ​ရေလှိုင်း​တက်လာနိုင်ဟု မိုး​လေဝသဌာန ​ကြေညာ (​မေး​မြန်း​ချက်)
DVB
·
April 11, 2012
Donate to DVB

ဒီ​နေ့​ည​နေ ၃ နာရီ ၈ မိနစ်အချိန်မှာ အင်ဒိုနီး​ရှား​နိုင်ငံ ဆူမား​တြား​ကျွန်း​ အ​နောက်​တောင်ဘက် ၂၆၈ မိုင်အတွင်း​ရှိ ပင်လယ်ပြင် ​အောက်ခံ​မြေပြင်​ပေါ်တွင် အင်အား​ ရစ်ခ်ျတာစ​ကေး​ (၈.၇)ရှိ အင်အား​အလွန်ပြင်း​ထန်​သော ​ရေ​အောက် ငလျင်တခု လှုပ်ခတ်သွား​ခဲ့​ကြောင်း​ သိရပြီး​ ဆူနာမီ သတိ​ပေး​ချက်များ​လည်း​ ထုတ်ပြန်​နေပြီဖြစ်​ကြောင်း​ သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း​ မြန်မာစံ​တော်ချိန် ည​နေ ၃ နာရီကစပြီး​ ​နောက် ၂ နာရီအတွင်း​ ဆူနာမီ​ရေလှိုင်း​တွေ တက်လာနိုင်တယ်လို့​ မိုး​လေဝသဌာနက ​ကြေညာချက် ထုတ်ပြန်ထား​ကြောင်း​ လ/ထ ညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော်က ဒီဗွီဘီကို ​ပြောပါတယ်။ အထူး​သဖြင့်​ မြစ်ဝကျွန်း​ပေါ်​ဒေသ​တွေ စိုး​ရိမ်ရတယ်လို့​လည်း​ ​ပြောပါတယ်။

ဦး​ချစ်​ကျော်နှင့်​ ​မေး​မြန်း​ချက်

ငလျင်နဲ့​ပတ်သက်ပြီး​ ပြည်တွင်း​မှာ ဘယ်လို​ကြေညာချက် ထုတ်ထား​လဲ။

“​ကြေညာချက်က​တော့​ ၃ နာရီ ၂ မိနစ်မှာ ၉၂ ဒဿမ ၉ နဲ့​၊​ ၉၂ ​ပေါ့​။ ဆူမား​တြား​ကျွန်း​ရဲ့​ အ​နောက်​တောင်ဘက်ကို ဗဟိုပြုပြီး​တော့​ အင်အား​ပြင်း​တဲ့​ ​မြေငလျင်ကြီး​တခု လှုပ်သွား​တယ်။ အဲဒီလှုပ်သွား​တဲ့​ ​မြေငလျင်က ဆူနာမီ ဖြစ်​ပေါ်​စေနိုင်တဲ့​အတွက် ဒီသတင်း​ထုတ်ပြန်တဲ့​ အချိန်ကစပြီး​ ​နောက် ၂ နာရီ အတွင်း​မှာ မြန်မာ့​ကမ်း​ရိုး​တမ်း​ကို ဆူနာမီ​ရေလှိုင်း​များ​ ​ရောက်ရှိလာနိုင်တဲ့​အတွက် ကမ်း​နား​နေပြည်သူများ​ ဆူနာမီ​ရေလှိုင်း​ကာကွယ်​ရေး​ စီမံချက်အတိုင်း​ ​ဆောင်ရွက်ရန် သတိ​ပေး​နှိုး​ဆော်ပါသည်ဆိုပြီး​ ထုတ်လိုက်တယ်။ မြန်မာ့​ရုပ်မြင်သံကြား​မှာ စာတမ်း​ထိုး​ထား​ပေး​တယ်။”

ကျ​နော်တို့​နိုင်ငံမှာ ဘယ်မြို့​တွေ ငလျင်လှုပ်သွား​လဲ။

“ငလျင်လှုပ်တာ အကုန်လုံး​ ကမ်း​ရိုး​တမ်း​ဘက်က အကုန်ခံစား​ရတယ်။”

ပြင်း​အား​ ဘယ်​လောက်ရှိလဲ။

“၈ ဒဿမ ၉၊​ ​မြေငလျင်က ဘယ်​နေရာလှုပ်လှုပ် ပြင်း​အား​က အတူတူပဲ။”

ငလျင်နဲ့​ပတ်သက်ပြီး​ ​ပြောစရာရှိရင် ​ပြော​ပေး​ပါ။

“ကမ်း​ရိုး​တမ်း​က လူထု​တွေ ​ချောင်း​သာတို့​၊​ စစ်​တွေ၊​ ​ကျောက်ဖြူတို့​ လှမ်း​ပြောထား​တယ်။ ဒါ​ပေမယ့်​ တကယ်စိုး​ရိမ်ရတာက မြစ်ဝကျွန်း​ပေါ်​ပေါ့​။ အရင် အင်ဒိုနီး​ရှား​ငလျင်လှုပ်တဲ့​ ဆူနာမီတုန်း​ကလည်း​ မြစ်ဝကျွန်း​ပေါ်က ခံစား​ရတယ်။ ခံစား​ရသလို ဆူနာမီ​ရေလှိုင်း​တွေလည်း​ ​ရောက်တယ်။ လူ​တွေ​သေခဲ့​ဖူး​တယ်။ ပြီး​ခဲ့​တဲ့​ မတ်လထဲက ဒါ​တွေနဲ့​ပတ်သက်ပြီး​ သင်တန်း​ပို့​ချခဲ့​တယ်။ သူတို့​လည်း​ ဗဟုသုတ​တွေ ရ​နေတာ​ပေါ့​။ အခု ဒီသတင်း​ထုတ်လိုက်​တော့​ အကုန်လုံး​ ပြင်ဆင်ပြီး​ အဆင်သင့်​ဖြစ်​အောင် ၃ နာရီခွဲ​လောက်ကတည်း​က လုပ်​နေကြတယ်။ အဲဒီက မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ကိုလည်း​ တိုက်ရိုက် ဖုန်း​နဲ့​လှမ်း​ဆက်ပြီး​တော့​ လှမ်း​ပြောထား​တယ်။ ကမ်း​ရိုး​တမ်း​ဘက်က​တော့​ အထူး​ဂရုစိုက်လုပ်​နေတယ်။ တချို့​သော ဆူနာမီသတင်း​ ထုတ်ပြန်တဲ့​ဌာန​တွေက​တော့​ မြန်မာနိုင်ငံဘက်ကို အင်အား​များ​များ​နဲ့​ မလာနိုင်ဘဲနဲ့​ သီရိလင်္ကာနဲ့​ ထိုင်း​ဘက်ကို များ​များ​သွား​မယ်လို့​ ​ပြော​နေတယ်။ သို့​သော်လည်း​ ကမ်း​ရိုး​တမ်း​နေတဲ့​သူ​တွေကို အကုန်လုံး​ တပ်လှန့်​အသိ​ပေး​ပြီး​တော့​ စီမံချက်အတိုင်း​ ဆူနာမီဖြစ်ရင် ကြိုတင်​ဆောင်ရွက်နိုင်​အောင် ​ရေဒီယိုက​ကော တယ်လီဖုန်း​နဲ့​ကော သက်ဆိုင်ရာ ​ဒေသအာဏာပိုင်ကတဆင့်​ကော လှမ်း​ပြီး​တော့​ ကျ​နော်တို့​ အသိ​ပေး​ချက်​တွေ လုပ်​နေပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013