Home
မြန်မာသတင်း
သုံးနိုင်ငံ ချစ်ကြည်ရေး ကားပြပွဲ ကလေးမြို့မှ စတင်ထွက်ခွာ
DVB
·
November 28, 2017
India-Myanmar Familiar Car line go from Kalay 3
India-Myanmar Familiar Car line go from Kalay 2
India-Myanmar Familiar Car line go from Kalay 02
India-Myanmar Familiar Car line go from Kalay 1
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချစ်ကြည်ရေး ကားပြပွဲကို မြန်မာနိုင်ငံတွင်း ခရီးစဉ်အနေနဲ့ ကလေးမြို့ကနေ ဒီနေ့မနက်ပိုင်း ၈ နာရီမှာပဲ စတင်ထွက်ခွာခဲ့ပါတယ်။ မန္တလေးရုံး အိန္ဒိယကောင်စစ်ဝန် မစ္စတာနန္ဒရာဆင်းက “အဓိကတော့ အိန္ဒိယ-မြန်မာ ချစ်ကြည်ရင်းနှီးရေးအတွက် ကျင်းပတာ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာဟာ ဘာသာ ဓလေ့ တူညီမှုတွေ ရှိနေပြီး အမြဲ ချစ်ကြည်ရင်းနှီးခြင်းနဲ့အတူ နှစ်နိုင်ငံ အတူဆက်ဆံရေးတွေကိုလည်း အဆက်မပြတ် ဆောင်ရွက်နေပါတယ်။ အိန္ဒိယနဲ့ မြန်မာဟာ အနောက်နိုင်ငံရဲ့ တံခါးပေါက်တခု ဖြစ်ပြီး ကမ္ဘာ့ပြတင်းပေါက် တခု ဖြစ်လာစေမယ်” လို့ ပြောပါတယ်။ ဒီကနေ့ ကားပြပွဲမှာ ကားအစီးရေ ၂၃ စီး ထွက်ခွာဖို့ ရှိပေမယ့် ကျန်းမာရေး အခြေအနေအရ ကလေးမြို့ကနေ ပြည်တွင်းခရီးစဉ်အတွက် ၃ စီး နားခဲ့ပြီး အစီး ၂၀ ပဲ ဆက်လက်ထွက်ခွာခဲ့တယ်လို့  ကားပြပွဲ တာဝန်ယူထားတဲ့ D&T မြန်မာ ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးတံခွန်ကပြောပါတယ်။ ခရီးစဉ်တွေကတော့ ကလေး-ဂန့်ဂေါ-ပခုက္ကူကနေ ပုဂံမှာ ညအိပ်မှာ ဖြစ်ပြီး တဆင့် မန္တလေး-နေပြည်တော်-ရန်ကုန်ကတဆင့် မော်လမြိုင် အဲဒီကနေမှ မြဝတီမြို့ကို မောင်းနှင်မှာ ဖြစ်ပြီး မြန်မာပြည်တွင်း ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်။ ပြန်လာရင်လည်း ဒီလမ်းကြောအတိုင်း ပြန်လာမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ အိန္ဒိယနိုင်ငံသား ၄၇ ဦးနဲ့ အမေရိကန် နိုင်ငံသား ၁ ဦးအပြင် စကားပြန် ၂ ဦး လိုက်ပါသွားတယ်လို့သိရပါတယ်။ ဒီချစ်ကြည်ရေးကားပြပွဲဟာ ၂၀၁၆ ခုနှစ်က တကြိမ် ကျင်းပခဲ့ပြီး အခုအကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဒီကားပြပွဲကို D&T Myanmar Travels နဲ့ Mahindra Adventure တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနဲ့ အိန္ဒိယကောင်စစ်ဝန် မစ္စတာနန္ဒရာဆင်းတို့က ကလေးမြို့ တာထွက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024