DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် သဘောညီမှုရရှိ
DVB
·
November 27, 2017
ရှမ်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် သဘောညီမှုရရှိ
Donate to DVB

ရှမ်းပြည်နယ် လင်းခေးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ နှစ်ဖက် သဘောတူညီမှု ရရှိသွားပါတယ်။

ဒီကနေ့ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC) မှာပြုလုပ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) မှာ အခုလို အတည်ပြုလိုက်တာပါ။

ဒေါက်တာလျန်မှုန်းဆာခေါင်းက “RCSS အတွက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရှမ်းပြည်နယ် လင်းခေးမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်းမှာ ကျင်းပဖို့ သဘောတူထားပါတယ်” လို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ဖို့ နေရာအတွက် တောင်ကြီး၊ ပင်လုံကို RCSSက အဆိုပြုထားတာဖြစ်ပြီး တပ်မတော်ဘက်က မိုင်းပန်ဆိုပြီး အဆိုပြုထားတဲ့အတွက် နှစ်ဖက်လုံး သဘောတူညီမှုမရ ဖြစ်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ကြားကနေ တတိယနေရာတခုကို အဆိုပြုပေးလိုက်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ နိုင်ငံတော်အတိုင်ပင်ခံက ကြားကနေပြီးတော့ နှစ်ဖက်လုံးက သဘောမတူညီနိုင်တဲ့ နေရာတွေဖြစ်နေတော့ တတိယတနေရာ စဉ်းစားဖို့ အဆိုပြုပါတယ်။ တတိယတနေရာ အဆိုပြုချက်ကတော့ လင်းခေး ဖြစ်ပါတယ်။ လင်းခေးဆို မိုင်းပန်အထက် မိုင်းပန်မြို့နယ်လေး။ လင်းခေးက ခရိုင်မြို့ ဖြစ်တယ်။ ပိုပြီးလည်းကြီးတယ်။ အဲတော့ တောင်ကြီးလည်း မဟုတ်၊ ပင်လုံလည်း မဟုတ်ပေါ့။ ဟိုဘက်က ပြောတဲ့ မိုင်းပန်လည်း မဟုတ်ပေါ့။ မူလကပြောထားတာ အားလုံး သုံးနေရာရှိတယ်။ ဒီနေရာတွေလည်း မဟုတ်တဲ့ လင်းခေးကို အတိုင်ပင်ခံပုဂ္ဂိုလ်က ကြားကနေ တတိယနေရာကို အဆိုပြုတဲ့အချိန်မှာ နှစ်ဖက်လုံးက လက်ခံပါတယ်။ နှစ်ဖက်လုံးက လက်ခံတော့ လင်းခေး အတည်ပြုသွားတာဖြစ်ပါတယ် ” လို့ပြောပါတယ်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ALPရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့လည်း အားလုံးက ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောတူညီချက် ချနိုင်ခဲ့ပြီး လောလောဆယ်မှာတော့ ကျင်းပနိုင်ခြင်းတော့ မရှိသေးပါဘူး။

နောက်တကြိမ် JICM အစည်းအဝေးကိုလည်း ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ ကျင်းပသွားဖို့ သဘောတူညီခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013