DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် တပ်ကြပ်ကြီးတဦး မောင်းနှင်သည့် ကားပေါ်မှ ကျွန်းခွဲသားများ ဖမ်းမိ
DVB
·
November 27, 2017
မိုးညှင်းတွင် တပ်ကြပ်ကြီးတဦး မောင်းနှင်သည့် ကားပေါ်မှ ကျွန်းခွဲသားများ ဖမ်းမိ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မြို့အ၀င်ဂိတ်မှာ နိုဝင်ဘာ ၂၆ ရက် ညနေ ပိုင်းက တပ်ကြပ်ကြီးတဦး မောင်းနှင်လာတဲ့ ကားထဲက ကျွန်းသစ်ခွဲသားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဟိုပင်ရဲစခန်းက ပြောပါတယ်။

ဟိုပင်ဘိနယ်တာဝန်ခံ တောအုပ် ဦးစိုးညွန့်အောင်၊ ဟိုပင်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်၊ ဒုရဲအုပ်ရှိန်းထက်ဦး ဦးစီးအဖွဲ့ အမှတ် ၃ စစ်ဖက်ရေးရာလုံခြုံရေးတပ်စုမှ တပ်ကြပ်ကြီးတို့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ သတင်းအရ ဟိုပင်မြို့ဝင်ဂိတ်မှာ စောင့်ဆိုင်းနေချိန် ယာဉ်မောင်းတပ်ကြပ်ကြီး အောင်နိုင်စိုး မောင်းနှင်လာပြီး သစ်ပိုင်ရှင်ဖြစ်သူ ဒေါ်သင်းသင်းမြတ် လိုက်ပါလာတဲ့ ကားကိုစစ်ဆေးခဲ့တာပါ။

ကားကို စစ်ဆေးရှာဖွေရာ ကားနောက်ခန်းမှာ တရားမဝင်သယ်ဆောင်လာတဲ့ ကျွန်းခွဲသားဆိုဒ်စုံ ၂၄၉ ချောင်း၊ အလေးချိန် ၁ ဒသမ ၀၈၆၂ တန်တို့ကို တွေ့ရှိလို့ သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

ဟိုပင်ရဲစခန်းမှူး ရဲအုပ်ထိန်လင်းက “စစ်တပ်ကဆိုတော့ သူတို့တပ်ကို ပြန်လွှဲပေးရမှာပါ။

ခုလောလောဆယ်တော့ ဟိုပင်ရဲစခန်းမှာပဲ ထိန်းသိမ်းထားပါတယ်” လို့ ပြောပါတယ်။

ဟိုပင်ရဲစခန်းက တပ်ကြပ်ကြီးအောင်နိုင်စိုးနဲ့ ဒေါ်သင်းသင်းမြတ် တို့ကို သစ်တောအက်ဥပဒေပုဒ်မ-၄၃(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013