DVB Logo
Home
မြန်မာသတင်း
R2P အန္တရာယ်က မြန်မာနိုင်ငံကို  ခြိမ်းခြောက်နေဟု အစိုးရအဖွဲ့ရုံးဝန်ကြီး ပြော
DVB
·
November 27, 2017
R2P အန္တရာယ်က မြန်မာနိုင်ငံကို  ခြိမ်းခြောက်နေဟု အစိုးရအဖွဲ့ရုံးဝန်ကြီး ပြော
Donate to DVB

နိုင်ငံတနိုင်ငံမှာ အစိုးရဟာ နေထိုင်သူတွေကို မကာကွယ်နိုင်ဘူး၊ လူတွေ အမြောက်အမြား ဒုက္ခရောက်တယ်၊ သေဆုံးမှုဖြစ်တယ်ဆိုရင် ဝင်ရောက်စွက်ဖက်နိုင်တယ်ဆိုတဲ့ R2P Responsibility to Protect အန္တရာယ်က မြန်မာနိုင်ငံကို ပိုခြိမ်းခြောက်နေတယ်လို့  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနနဲ့ Sunday Talk တနင်္ဂနွေနေ့ ဆွေးနွေးခန်းမှာ ပြောကြားခဲ့ တာဖြစ်ပါတယ်။

“R2P က အန္တရာယ်ကြီးပါတယ်။ ၁၉၉၃ ခုနှစ်လောက်က ယူဂိုစလားဗီးယားနိုင်ငံမှာ Ethnic Cleansing ရှိတယ်ဆိုပြီး အရေးယူခဲ့တာ ရှိပါတယ်။ အလားတူ ရဝမ်ဒါ၊ လစ်ဗျား စတဲ့ နိုင်ငံတွေမှာ ဒီလိုပဲ R2P ကို အကြောင်းပြပြီး အရေးယူခဲ့တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ R2P ဆိုတာ နိုင်ငံတနိုင်ငံမှာ အစိုးရဟာ နေထိုင်သူတွေကို မကာကွယ်နိုင်ဘူး။ လူတွေ အမြောက်အမြား ဒုက္ခရောက်တယ်၊ သေဆုံးမှုဖြစ်တယ်ဆိုရင် ဝင်ရောက် စွက်ဖက်နိုင်တယ် ဆိုတာ ဖြစ်ပါတယ်။”

R2P လုပ်နိုင်တဲ့ အဓိက လေးချက်ရှိတယ်။ Genocide လူမျိုးစု ပျက်သုဉ်းအောင်လုပ်တာ၊ Ethnic Cleansing ဒေသမှာရှိတဲ့ လူမျိုးစုကို ဖယ်ရှားတာ၊ war crime စစ်တိုက်တဲ့အချိန်မှာ အင်အားအလွန်အကျွံသုံးပြီး စစ်ရာဇဝတ်မှုဖြစ်အောင် လုပ်တာနဲ့ Crimes against Humanity လူသားတွေကို ရာဇဝတ်မှု ကျူးလွန်တာဆိုပြီး ရှိတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

“အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ အိုအိုင်စီ အပါအဝင် နိုင်ငံအများစုက R2P နဲ့ ကြည့်မယ်ဆိုရင် ဒီနေရာမှာ စိတ်ပူရတယ်ဆိုတဲ့ နိုင်ငံတွေဆို အဝါရောင် သတ်မှတ်တယ်။ ဒီထက်တဆင့် Ethnic Cleansing တို့၊ Genocide တို့ဆို လိမ္မော်ရောင်နဲ့ နောက်ဆုံး Crisis ဖြစ်နေပြီဆိုတဲ့ နိုင်ငံတွေကို အနီရောင် သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံကို အနီရောင်ထဲ ထည့်ထားပါတယ်။ အနီရောင်ထဲ ထည့်ထားတဲ့အတွက် ကျနော်တို့က ဒါအင်မတန်မှ အန္တရာယ်ကြီးတယ်ဆိုတာ၊ ပစ်မှတ်ထားတယ်ဆိုတာ ရှင်းနေပြီ ဖြစ်ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

နိုင်ငံအနေနဲ့ အခုကြုံနေရတဲ့ ဖိအားက အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိပါးနိုင်ပြီး အဆမတန် ဖိအားများတယ်လို့လည်း ပြောခဲ့ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က  ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပြီး အဲဒီမှာ အရေးယူ ဆောင်ရွက်နိုင်တာ မရှိပေမယ့်  ရက်ပေါင်း ၃ဝ အတွင်း ပြန်လည် သုံးသပ်မယ်ဆိုပြီး ပါပါတယ်။

တိုးတက်မှု ရှိ၊ မရှိကို ရက်ပေါင်း ၃ဝ ကြာမြင့်တဲ့အခါ ပြန်လည်သုံးသပ်ကြည့်ပြီး တိုးတက်မှုမရှိရင် အရေးယူမှု ဒီထက်တဆင့်တက်လာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013