DVB Logo
Home
မြန်မာသတင်း
မိုးညှင်းဒေသခံ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လုပ်ငန်း လက်မှတ် ပေးအပ်
DVB
·
November 27, 2017
မိုးညှင်းဒေသခံ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လုပ်ငန်း လက်မှတ် ပေးအပ်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အထွေထွေအုပ်ချုပ်ရေးဌာနမှာ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက ဒေသခံပြည်သူ အစုအဖွဲ့ပိုင် (CF) သစ်တော တည်ထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်လက်မှတ် အဖွဲ့ ၁၁ ကို ပေးအပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ မြစ်ကြီးနားခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ထွန်းက ဒေသခံတွေကို အစုအဖွဲ့စိုက်ခင်း တည်ထောင်ခြင်းဆိုင်ရာ အကြောင်းအရာတွေ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေမှူးက အစုအဖွဲ့ပိုင် သစ်တော ဆိုင်ရာလမ်းညွှန်မှုတွေ၊ ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်မှု ကွန်ရက်အဖွဲ့ KCWG မှ တာဝန်ခံ ဦးဇော်ဘောက်က အစုအဖွဲ့ပိုင်သစ်တောဆိုင်ရာ ထိန်းသိမ်းမှုတွေ၊ အပြည်ပြည်ဆိုင်ရာ အပင်နှင့်တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေး အဖွဲ့ FFI မှ သစ်တောပညာရှင် ဦးမြင့်စိုးဦးက ဆောင်ရွက်ခွင့်ရရှိပြီး ဆက်လက်လုပ်ဆောင်ရ မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးပြောကြားခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ၄၄၀၇ ဒသမ ၃၆ ဧကရှိပြီး အစုဖွဲ့ ၂၉ ဖွဲ့မှာ မိုးညှင်းမြို့နယ်က ၁၁ ဖွဲ့ ရှိပြီး ဥပဒေနဲ့အညီ နှစ် ၃၀ ဆောင်ရွက်ခွင့်ပေးအပ်ကြောင်း၊ ပေးအပ်ထားတဲ့ ဧကနဲ့အညီ သစ်ပင်ရေအပြည့်နဲ့ ရေရှည်စိုက်ပျိုးထိန်းသိမ်းနိုင်မှသာ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်တွေကို ထိန်းသိမ်းကာကွယ်နိုင်မယ်လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ထွန်းက ပြောကြားခဲ့ပါတယ်။

ဇီးကုန်းကျေးရွာမှ ဒေသခံတဦးက “ကျနော် ၅ ဧကရရှိပါတယ်။ စိန်တလုံးသရက်တွေ စိုက်ထားတယ်။ နိုင်ငံတော်ကို ဘာမှမပေးရပါဘူး။ နှစ် ၃၀ ပြည့်သွားရင် ဆက်လုပ်ပိုင်ခွင့် ထပ်လျှောက်မှာပါ။ ကျနော် ဒီဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းလုပ်ငန်းကို အားရပါတယ်” လို့ ပြောပါတယ်။

မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013