DVB Logo
Home
မြန်မာသတင်း
Cyber law of Myanmar Police အကောင့်ဟာ အတုဖြစ်ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့ပြော
DVB
·
November 27, 2017
Cyber law of Myanmar Police အကောင့်ဟာ အတုဖြစ်ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့ပြော
Donate to DVB

ဖေ့စ်ဘွတ်လူမှုစာမျက်နှာတွေပေါ်က ဟက်ကာအဖွဲ့တွေကို လိုက်လံစုံစမ်းနေတဲ့ Cyber law of Myanmar Police အကောင့်ဟာ အကောင့်တုသာဖြစ်ပြီး ဒီအကောင့်မှာ တင်ထားတဲ့ စာသားမှန်သမျှ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်မှုလုံးဝမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲမှူးလှဝေက ဒီဗွီဘီကို ပြောပါတယ်။

လတ်တလော ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ဟက်ကာအဖွဲ့တွေက အနုပညာရှင်အများစုကို ပစ်မှတ်ထားပြီး သူတပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ် ပြန်ဖြန့်ပြီး နှောင့်ယှက်တာတွေ ရှိနေပါတယ်။

ဒါ့အပြင် M4L ဟက်ကာအဖွဲ့ကို အရေးယူဆောင်ရွက်သွားဖို့ စုံစမ်းနေတယ်ဆိုပြီး Cyber Law Of Myanmar Police  Page အတုတခု ပေါ်ပေါက်ခဲ့ပြီး  ခုရက်ပိုင်းအတွင်းကမှ အကောင့်ပျက်သွားခဲ့ပါတယ်။

ဒီ Page ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိသလို အကောင့်စာမျက်နှာပေါ်မှာ ရေးသား ဖော်ပြမှုတွေဟာလည်း ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။

“အွန်လိုင်းပေါ်က မဟုတ်မမှန် ကိစ္စရပ်တွေနဲ့ တချို့အမှုတွေဆိုရင် မှုခင်းတပ်ဖွဲ့ CID လက်အောက်ကပဲ သွားတာများတယ်။ ၆၆ (ဃ)နဲ့ အမှုလာဖွင့်တဲ့အခါ အမှုဖွင့် အရေးယူ ဆောင်ရွက်ပေးပါတယ်”လို့လည်း ရဲမှူးလှဝေက ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ကာယကံရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံနဲ့ အရှက်ခွဲတာတွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်တာတွေ၊ အစော်ကားခံရတာတွေ ကြုံလာရင်တော့  ကာယကံရှင်ကိုယ်တိုင် ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိရင်တော့ ၆၆(ဃ)နဲ့ အရေးယူ ဆောင်ရွက်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ကတော့ Cyber Police ဆိုပြီး သီးခြားဖွဲ့စည်းထားတာမျိုး မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013