DVB Logo
Home
မြန်မာသတင်း
တပ်ပိုင်နယ်မြေအတွင်း သစ်ပင်ခုတ်သည့် ရွာသား ၆ ဦးကို အမှုဖွင့်
DVB
·
November 27, 2017
တပ်ပိုင်နယ်မြေအတွင်း သစ်ပင်ခုတ်သည့် ရွာသား ၆ ဦးကို အမှုဖွင့်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ရွာ အမှတ်-၂ တပ်မတော်အကြီးစား စက်မှုလုပ်ငန်း စက်ရုံဝင်းထဲမှာ သစ်ပင်ဝင်ခုတ်တဲ့ ရေပေါင်းစုံရွာသား ၆ ဦးကို နိုဝင်ဘာ ၂၅ ရက် နေ့လယ်က ပိုင်နက်ကျုးလွန်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ယင်းမာပင်ရွာရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။

ဖြစ်စဉ်မှာ သာစည်မြို့နယ် ယင်းမာပင်ရွာမှာ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ တကစ (၂) စက်ရုံဝင်းထဲမှာ ဗိုလ်ကြီး ပိုင်စိုးဦးနဲ့ စစ်သည် ၅ ဦး ကင်းလှည့်နေချိန် သစ်ပင်ခုတ်နေတဲ့ ရွာသား ၆ ဦးကို တွေ့ရှိခဲ့လို့ ခုတ်ယူထားတဲ့ သစ်လုံး ၆ လုံးကို သိမ်းဆည်းပြီး ပိုင်နက်ကျုးလွန်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ယင်းမာပင်ရွာ ရဲစခန်း စခန်းမှူးက “သစ်လုံး ၆ လုံးနဲ့ ရေပေါင်းစုံရွာသား ၆ ဦးကို တပ်မတော်အရာရှိတဦးက တရားလိုလုပ်ပြီး ဒီနေ့ပဲ အမှုဖွင့်တယ်”လို့ ပြောပါတယ်။

ယင်းမာပင်ရွာ ရဲစခန်းက သစ်ဝင်ခုတ်တဲ့ ကိုသိန်းလှိုင်၊ ကိုရဲမင်းဦး၊ ကိုနေအောင်၊ ကိုနိုင်ဝင်း၊ ကိုဘိုဖြူ။ ကိုမင်းထွန်းတို့ကို ပိုင်နက်ကျုးကျော်မှု ရာဇသတ်ကြီးပုဒ်မ ၄၄၇ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013