DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ သွားရောက်မည်
DVB
·
November 27, 2017
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ သွားရောက်မည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရရဲ့ ဖိတ်ကြားချက်အရ မကြာမီကာလမှာ တရုတ်နိုင်ငံကို အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရက  တရားဝင်သတင်းထုတ်ပြန်ပါတယ်။

ပေကျင်းမြို့မှာ ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေးပါတီတွေအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲကို တက်ရောက်ဖို့နဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး မြှင့်တင်ဖို့ သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြီးခဲ့တဲ့ မေလကလည်း တရုတ်နိုင်ငံကို သွားရောက်ပြီး ပေကျင်းမြို့မှာ ကျင်းပတဲ့   Belt and Road  နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်က သွားရောက်ခဲ့တဲ့  တပ်မတော်ကာကွယ်ရေးဦးစီချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံရီးစဉ်အပြီး နိုင်ငံတော်အတိုင်ပင်ခံရဲ့ တရုတ်နိုင်ငံခရီးစဉ် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - Myanmar State Counsellor Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013