DVB Logo
Home
မြန်မာသတင်း
အများပိုင်နေရာများတွင် အရက်သောက်စားသူများကို အရေးယူမှု လူ ၁၀၀၀ ကော်ျရှိပြီ
DVB
·
November 26, 2017
အများပိုင်နေရာများတွင် အရက်သောက်စားသူများကို အရေးယူမှု လူ ၁၀၀၀ ကော်ျရှိပြီ
Donate to DVB

အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ အရက်သေစာ ၀ိုင်းဖွဲ့သောက်စားသူတွေကို အရေးယူနေတာ ရက်ပေါင်း ၂၀ ကျော်အတွင်း လူ ၁၀၀၀ ကျော် ရှိပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက အများပြည်သူနဲ့သက်ဆိုင်တဲ့ ပန်းခြံ၊ လမ်းဘေးပလက်ဖောင်း၊ ကန်ဘောင်၊ လမ်းဆုံလမ်းခွ၊ ဂုံးကျော်တံတားတွေမှာ အရက်သေစာဝိုင်းဖွဲ့သောက်စားသူတွေကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ ခရိုင်လေးခရိုင်လုံးက လူဦးရေ ၁ ထောင်ကျော်ကို ရန်ကုန်ရဲအပ်ဥပဒေနဲ့ အရေးယူပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ခရိုင်လေးခုလုံးက အမှုပေါင်း ၇၀၀ ကျော်ကို အရေးယူပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့ အောက်တိုဘာ ၁ ရက်နေ့ကစပြီး အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ အရက်သောက်သုံးသူတွေကို ပညာပေးလုပ်ငန်း ၁ လ သတ်မှတ်ပြီး လုပ်ဆောင်ခဲ့တာပါ။ တစ်လပြည့်တဲ့နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ကစပြီး အရေးယူလုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013