အဆိုတော်မာမာအေး ရန်ကုန်နှင့်မန္တလေးတွင် တကိုယ်တော်ဖျော်ဖြေပွဲ လုပ်မည်
DVB
·
November 26, 2017

အဆိုတော် မာမာအေးဟာ ဒီနှစ်ကုန်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမှာ တကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်သွားမယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။
အသက် ၇၅ နှစ်ပြည့် မွေးနေ့အမှတ်တရ ပြုလုပ်မှာ ဖြစ်ပြီး သူ့ခေတ်အရင်က အဆိုတော်တွေ၊ ခေတ်ပြိုင်အဆိုတော်တွေ၊ လက်ရှိခေတ်အဆိုတော်တွေနဲ့ အတူ အမေရိကားနဲ့ စင်္ကာပူက ဂီတသင်တန်းသားတွေနဲ့အတူ ဖျော်ဖြေမယ်လို့ မာမာအေးက ပြောပါတယ်။
ပြန်ဆိုတေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ဖော်ထုတ်တာကို ဝမ်းသာပေမယ့် ပုံစံမပျက်စေချင်ဘူးလို့လည်း သူက ဆိုပါတယ်။











