DVB Logo
Home
မြန်မာသတင်း
တောင်ငူမြို့ ယာဉ်တိုက်မှု ရဲအုပ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံး
DVB
·
November 26, 2017
တောင်ငူမြို့ ယာဉ်တိုက်မှု ရဲအုပ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံး
Donate to DVB

တောင်ငူမြို့နယ်၊ ကျွန်းကုန်းနယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ်-၁၈၂ မိုင် ၅ ဖာလုံနဲ့ ၆ ဖာလုံကြားမှာ ဒီနေ့မနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ကျော်ဝင်းနိုင်မောင်းနှင်ပြီး ဝင်းတင်၊ ကိုထွေး၊ ဟိန်းမင်းဇော်နဲ့ ထွန်းမင်းလတ်တို့ လိုက်ပါလာတဲ့ ၆ ဘီးကရိန်းယာဉ်ဟာ ယာဉ်မောင်း ခင်ဇော်မောင်းနှင်ပြီး တောင်ငူခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအုပ်တင်လင်း လိုက်ပါစီးနင်းလာတဲ့ toyota အမျိုးအစား hilux surf အနက်ရောင်မော်တော်ယာဉ်နဲ့ မျက်နှာချင်းဆိုင်တိုက်မိကြပြီး ကရိန်းယာဉ်ဟာ တိမ်းမှောက် သွားခဲ့ပါတယ်။

အခုလို မော်တော်ယာဉ်နှစ်စီး တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် ကရိန်းယာဉ်မှ ယာဉ်မောင်း ကျောင်ဝင်းနိုင် ဒူးခေါင်းပေါက်ပြဲဒဏ်ရာ၊ ကိုဝင်းတင်မှာ ယာခြေမျက်စေ့ ဖူးယောင်ဒဏ်ရာ၊ ဝဲဘက်ခြေမကွဲဒဏ်ရာ၊ ကိုထွန်းမင်းလတ်မှာ ဇက်အကြောညှပ် ဒဏ်ရာတို့ရရှိခဲ့ပြီး တောင်ငူဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေပါတယ်။

ဟိန်းမင်းဇော်၊ Hilux SURF မော်တော်ယာဉ်မောင်းနှင် ခင်ဇော်နဲ့ ရဲအုပ်တင်လင်းတို့မှာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကျွန်းကုန်းနယ်မြေရဲစခန်းက လူ့အသက်သေဆုံးအောင် ယာဉ်မဆင်မခြင် မောင်းနှင်ကြတဲ့ ယာဉ်မောင်း ကျော်ဝင်းနိုင်နဲ့ ခင်ဇော်တို့ကို ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈၊ ၃၀၄-က တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013