DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ကင်ဆာနှင့်ပတ်သက်၍ အခမဲ့စမ်းသပ်ကုသ အသိပညာပေး
DVB
·
November 25, 2017
မြိတ်တွင် ကင်ဆာနှင့်ပတ်သက်၍ အခမဲ့စမ်းသပ်ကုသ အသိပညာပေး
Donate to DVB

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းက ဒေသခံတွေကို အခမဲ့စမ်းသပ်ကုသမှုတွေနဲ့ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကျွန်းစုမြို့နယ်၊ ကျွန်းရတနာခန်းမမှာပြုလုပ်တဲ့ အခမဲ့စမ်းသပ်ကုသမှုကို မြန်မာနိုင်ငံ ဆရာဝန်အသင်း(မြိတ်)နဲ့ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ဆရာဝန်တွေက ပူးပေါင်းဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အသိပညာပေးဟောပြောပွဲတွေ၊ စမ်းသပ်ကုသပေးမှုတွေ ဆောင်ရွက်ပေး ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်းစုမြို့နယ်က ဒေသခံတွေကို ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး အခမဲ့စမ်းသပ်ကုသတာ တွေလုပ်ပေးခဲ့တယ်။ စမ်းသပ်ကုသမှုကို လူဦးရေ မကန့်သတ်ခဲ့ပါဘူး။ သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်လို့ကတော့ အသက် ၃၀ ကနေ ၅၀ အတွင်း အိမ်ထောင်ပြုပြီးတဲ့ အမျိုးသမီးတွေကို အဓိက စမ်းသပ်ကုသပေးခဲ့တာပါ။ တခြားရောဂါ တွေဖြစ်တဲ့ သွေးချို၊ အဆုတ်ရောဂါတွေကိုလည်း စမ်းသပ်ကုသပေးပါတယ်” လို့ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ဒေါက်တာမိုးအောင်ကျော်နိုင် က ပြောကြားခဲ့ပါတယ်။

ကျွန်းစုဒေသခံတွေအပြင် တနင်္သာရီ ရေတပ်စခန်းဌာနချုပ်က မိသားစုဝင်အများအပြားလည်း လာရောက်စမ်းသပ်ကုမှုခံယူခဲ့တာဖြစ်ပြီး ECG ဆွဲပေးခြင်း၊ အာထရာ ဆောင်းရိုက်ကူးမှုတွေကိုလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှာ ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်တွေမှာလည်း အခမဲ့ကုသပေးနေသလို နယ်တွေမှာလည်း စပွန်ဆာဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းများရှိပါက အခမဲ့လိုက်လံ ကုသပေးနေတယ်လို့ သိရပါတယ်။

မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013