DVB Logo
Home
မြန်မာသတင်း
ရွှေမော်ဓောဘုရားက ပျံကျဈေးသည်များ ဂေါပကအဖွဲ့ကို ဆန္ဒပြ
DVB
·
November 25, 2017
ရွှေမော်ဓောဘုရားက ပျံကျဈေးသည်များ ဂေါပကအဖွဲ့ကို ဆန္ဒပြ
Donate to DVB

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားဂေါပကအဖွဲ့က ဖမ်းဆီးအရေးယူမယ်လို့ ညွှန်ကြားစာ ထုတ်ပြန်လိုက်တာကြောင့် ပျံကျဈေးသည်တွေ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝန်းအတွင်းမှာ ငှက်ကြော်၊ ငါးချဉ်၊ အသုပ်စုံ၊ တုတ်ထိုး နဲ့ စားစရာမျိုးစုံ ရောင်းတဲ့ ဈေးသည်တွေအတွက် ဆိုင်ခန်းပေါင်း ၁၁၂ ခန်းကို ဂေါပကအဖွဲ့က ဆောက်လုပ်ကာ ဈေးရောင်းချစေခဲ့ပေမယ့် ဆိုင်ခန်းတွေက ကားဝင်းရဲ့ ဘေးပတ်ပတ်လည်မှာ ဆောက်လုပ်ပေးထားတာကြောင့် လူသူအရောက်နည်းပြီး ဈေးရောင်းမကောင်းတော့တဲ့အတွက် ဈေးသည်တွေက ကားဝင်းအလည်တည့်တည့်မှာ ခင်းကျင်းရောင်းချနေကြတာပါ။

ဒါကို ဂေါပကအဖွဲ့က အကြိမ်ကြိမ်တားမြစ်ခဲ့ပေမယ့် မလိုက်နာတဲ့အတွက် အခုနောက်ဆုံးအကြိမ်အနေနဲ့ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ညွှန်ကြားစာ ထုတ်လိုက်တာကို ဈေးသည်တွေက မကျေနပ်မှုလို့ အင်အား ၅၀ လောက်နဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို ဘုရားမှာ ဈေးသည်တွေ ဆန္ဒဖော်ထုတ်နေတာနဲ့ပတ်သက်ပြီး  ဂေါပကအဖွဲ့ရဲ့ အလှည့်ကျ သဘာပတိ ဦးဇော်ဝင်းက “သူတို့အနေနဲ့ ဆန္ဒပြတာက သူတို့အလုပ်ပါ။ ကျနော်တို့ အနေနဲ့က ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ဈေးသည်တွေ စနစ်တကျ ရောင်းချနိုင်ဖို့အတွက် ဘုရားငွေနဲ့ ဆောက်လုပ်ပေးထားပါတယ်။ ပြီးတော့ ဆိုင်ခန်းခကိုလည်း တနေ့မှ တစ်ထောင်ပဲ ကောက်ပါတယ်။ အဲဒါကို သူတို့က ရောင်းမကောင်းလို့ဆိုပြီး ကားဝင်းအလယ်မှာ စည်းပျက်ကမ်းပျက် လာရောင်းနေတာကိုတော့ ကျနော်တို့ စည်းကမ်းအရ လက်မခံပါဘူး။ ပြီးတော့ သက်မှတ်ထားတဲ့ စည်းကမ်းအတိုင်းပဲ ၂၈ ရက်နေ့ကျရင် ထိထိရောင်ရောက် ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ရွှေမောဓောဘုရားရှိ ဈေးသူဈေးသားများ၏ အခွင့်အရေးများ အပြည့်အ၀ရရှိရေး ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

အခုလို ဘုရားလူကြီးတွေအနေနဲ့ ဆိုင်ခန်းတွေကို စနစ်တကျ ဆောက်လုပ်ပေးထားတာ နည်းလမ်းတကျရှိနေပြီး ဈေးသည်တွေအနေနဲ့ ရောင့်တက်လာတာဟာ မဖြစ်သင့်ဘူးလို့ ပဲခူးမြို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013