DVB Logo
Home
မြန်မာသတင်း
ဖက်​ဒရယ်​ပြည်​​ထောင်​စုသစ်​ ပေါ်ထွန်း​ရေး စကားဝိုင်း​ဆွေ​နွေးပွဲ မြင်းခြံတွင် ကျင်းပ
DVB
·
November 25, 2017
ဖက်​ဒရယ်​ပြည်​​ထောင်​စုသစ်​ ပေါ်ထွန်း​ရေး စကားဝိုင်း​ဆွေ​နွေးပွဲ မြင်းခြံတွင် ကျင်းပ
Donate to DVB

ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တိုးတက်မှုနဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ် ပေါ်ထွန်းရေးလုပ်ငန်းစဉ်တွေကို ပိုမိုသိရှိစေဖို့အတွက် စကားဝိုင်းဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မဏိကဉ္စနခန်းမမှာ မှာ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက စတင်ပြုလုပ်နေပါတယ်။

ရန်ကုန်မြို့ရှိ Pen Myanmar အဖွဲ့က ဦးဆောင်ပြီး စကားဝိုင်းဆွေးနွေပွဲတွေ၊ စာရေးသူနဲ့ စာဖတ်သူသူများကြား အပြန်အလှန် ဆွေးနွေးပွဲ အပါအဝင် ညပိုင်းမှာ စာပေဟောပြောပွဲကိုပါ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Pen Myanmar အဖွဲ့ ဥက္ကဋ္ဌ ဆရာမျိုးမြင့်ငြိမ်းက “အဓိက ဖက်ဒရယ်နဲ့ ပတ်သက်တာပေါ့နော်။ ကျနော်တို့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ မှာ ဘယ်လို ဖက်ဒရယ်ပုံစံပေါ်အောင် လုပ်မလဲဆိုတဲ့ မူတခု ချမှတ်မယ်ဆိုတာ ပြောထားတာရှိပါတယ်၊၊ အဲဒီတော့ ကျနော်တို့ မြန်မာလူမျိုး အများစုကတော့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး နည်းနည်းဝေးနေတယ်လို့ ယူဆရပါတယ်။ ဖက်ဒရယ်ဆိုတာ မြန်မာတွေနဲ့မဆိုင်ဘူး။  တိုင်းရင်းသားကိစ္စတွေပဲလို့ အများက နားလည်နေကြတယ်။ အဲဒါက နည်းနည်းလေး လွဲနေတာပေါ့နော်၊ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ခွဲထွက်လိုသူရဲ့ တောင်းဆိုချက်လို့ ခေတ်အဆက်ဆက်က နားလည်နေကြတာဆိုတော့ ခုချိန်မှာ ဖက်ဒရယ်ဆိုတာ အားလုံး ညီတူညီမျှဖြစ်အောင် ခွဲဝေခြင်းဆိုတာမျိုး ဖြစ်လာတယ်။ ဘဏ္ဍာရေးခွဲဝေးမှု၊ သယံဇာတခွဲဝေမှု စတဲ့ ဒါတွေလည်း ပါတယ်ဆိုတာ သိအောင်လို့ ကျနော်တို့ လိုက်ပြီး မျှဝေပေးနေတာပါ။ ဖက်ဒရယ်နဲ့ပတ်သတ်ပြီး ပိုပြီးနားလည်လာအောင် မြို့ကြီးတွေမှာထပ်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်တွေလည်းရှိပါတယ်” လို့ ပြောပါတယ်။

Pen Myanmar. အဖွဲ့ဟာ မန္တလေးမြို့မှာလည်း ခုလို စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အခု မြင်းခြံမြို့ အပါအဝင် တခြား မြို့ကြီးတွေဖြစ်တဲ့ မကွေး၊ မုံရွာ၊ ပခုက္ကူ စတဲ့ မြို့တွေကိုလည်း သွားရောက်ပြီး ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

“အဓိကတော့ ကျနော်တို့သွားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးအခြေအနေတွေ သိရအောင်၊ ဆွေးနွေးပွဲရဲ့ နောက်ဆုံး ရလဒ်တွေ သိရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခြင်းဖြစ်ပါတယ်။ သာမန်ပြည်သူတွေ အနေနဲ့ကတော့ သတင်းစာတွေက ပြောသလောက်ပဲ သိရတာပေါ့။ ဒီမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကိုယ်တိုင်ပါဝင်ကြတဲ့ ပုဂ္ဂိုလ်တွေ ပါပါတယ်၊ ဒီ ပုဂ္ဂိုလ်တွေက သူတို့သိထားတာတွေ မျှဝေခြင်း ဖြစ်ပါတယ်။ အမှန်တကယ်က ဒါတွေက အစိုးရအဖွဲသော်လည်းကောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေတဲ့ ပုဂ္ဂိုလ်များသော်လည်းကောင်း၊ သူတို့ရဲ့ ရလဒ်တွေကို ပြည်သူလူထုကို ပြန်သိအောင် လုပ်ပေးဖို့လိုတယ်။ ပြည်သူလူထုကလည်း ဘယ်လိုပုံစံပါဝင်ရမယ်ဆိုတာ သူတို့ကမသိဘူး။ သူတို့သိအောင် အရပ်ဖက်ဆိုင်ရာလူမှုအဖွဲ့အစည်းတွေက လိုက်လုပ်ပေးနေတာပါ” လို့ ဆရာ မျိုးမြင့်ငြိမ်းက ဆိုပါတယ်။

စကားဝိုင်းဆွေးနွေးပွဲကို ဦးမြအေး၊ မသီတာ(စမ်းချောင်း) အဖြူရောင် (ရွှေ)၊ ဦးမင်းဇေယျာဦး တို့ပါဝင်ပြီး ရသ အစုန်အဆန် စီစဉ်တင်ဆက်သူများ ဖြစ်ကြတဲ့ ကဗျာဆရာ စောဝေ၊ မောင်မောင်ဖောင်တိန်၊ ညီပုလေး၊ စုမီအောင်၊ ခင်မြဇင်၊ မိချမ်းဝေ၊ အောင်ဖြိုးကျော်(ပခုက္ကူ) နဲ့ စာပေဟောပြောပွဲမှာတော့ ဆရာကျော်ဝင်း၊ မသီတာ (စမ်းချောင်း)၊ ဦးဘုန်း (ဓာတု) တို့က စာပေအကြောင်းများ ဟောပြောသွားမှာ ဖြစ်ပါတယ်။

“ခုလို ကျနော်တို့မြို့မှာ ဒီလိုပွဲမျိုးလာလုပ်တော့ အလွန်ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ မြို့ခံတွေအနေနဲ့ နိုင်ငံရေးစကားဝိုင်းတွေ ဆွေးနွေးတက်လာတယ်။ ဖက်ဒရယ်ဆိုတာလည်း နားလည်သဘောပေါက်လာတယ်။ ဖက်ဒရယ်ဆိုတာ မြို့ခံပြည်သူတွေက စိမ်းနေတော့ ဖက်ဒရယ်ဆိုတဲ့စနစ်က လိုအပ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ ပြည်နယ်အသီးသီးက မငြိမ်းချမ်းဘူး။ မငြိမ်းချမ်းဘူးဆိုတော့ ကျနော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ စနစ်ကျင့်သုံးမှသာ ကျနော်တို့နိုင်ငံအတွက် ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်” လို့ မြင်းခြံမြို့ခံဖြစ်တဲ့ ဒေါက်တာစောရဲဝင်းက ပြောပါတယ်။

သတင်း၊ဓာတ်ပုံ-ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013