DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်တွင် မိုးရက်ဆက်ရွာသဖြင့် ရိတ်သိမ်းပြီးစပါးများ ရေမြုပ်
DVB
·
November 25, 2017
ရှမ်းမြောက်တွင် မိုးရက်ဆက်ရွာသဖြင့် ရိတ်သိမ်းပြီးစပါးများ ရေမြုပ်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ တန့်ယန်းနဲ့ နမ္မတူဒေသတွေမှာ အချိန်အခါမဟုတ် မိုးရက်ဆက်ရွာလို့ ရိတ်သိမ်းပြီး စပါးတွေ ရေမြုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့နယ်၊ နမ့်ဖွဲရွာမှာ တောင်သူ ၁၉ ယောက်ရဲ့ လယ်ဧက ၃၀ ကျော်လောက် ရေမြုပ်ခဲ့တယ်လို့ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၃ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။

“နမ္မတူက စာရင်းတော့ မသိသေးပါဘူး။ ဒေသခံတွေ ပို့တဲ့ ဓာတ်ပုံတွေပဲ ရထားသေးတယ်။ တန့်ယန်းမှာတော့ ရွာ ၉ ရွာက လယ်သမား ၃၇ ယောက်ရဲ့ ရိတ်ပြီးသားစပါးတွေ ထိခိုက်သွားတယ်လို့ သိရတယ်။ ဒီကိစ္စကို ကူညီနိုင်အောင် လားရှိုးခရိုင် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးမှူးကို စာပို့မှာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် သတင်းမရသေးတဲ့ နေရာတွေကိုလည်း ဖော်ထုတ်ပြီး ကူညီဖို့ ပြောသွားမယ်လို့ သူက ဆိုပါတယ်။

ကောက်လှိုင်းတွေ ရေမြုပ်တာကြောင့် လတ်တလောမှာ မပျက်စီးပေမယ့် အချိန်မီ မခြောက်နိုင်ရင် ပျက်စီးနိုင်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

“မိုးက ဗုဒ္ဓဟူးနေ့က စ ရွာတယ်။ ဒီနေ့တော့ မရွာပေမယ့် မိုးအုံ့နေတယ်။ ရေနစ်တာက ချောင်းနားနီးတဲ့ လယ်တွေပေါ့။ လယ်သမားတွေကတော့ ရေကျရင် ကောက်လှိုင်းတွေ သယ်ဖို့ လုပ်နေတယ်။ နေမပူတော့ မလှမ်းနိုင်သေးဘူး။ ဒီစပါးတွေက ခြောက်သွားရင်လည်း ကြိတ်ရင် သိပ်မကောင်းတော့ဘူး” လို့ တန့်ယန်းမြို့နယ်၊ ကျူဆိုင်းရွာ ဒေသခံ တယောက်က ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာခဲ့ပြီး မနက်ဖြန်အထိကတော့  နေပြည်တော်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ  နေရာကျဲကျဲရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013