DVB Logo
Home
မြန်မာသတင်း
ငပလီမြို့ အများပိုင်မြေပေါ်မှ ဈေးဆိုင်ခန်းများ ဖယ်ရှားပေးရန် သက်ဆိုင်ရာ ညွှန်ကြား
DVB
·
November 25, 2017
ငပလီမြို့ အများပိုင်မြေပေါ်မှ ဈေးဆိုင်ခန်းများ ဖယ်ရှားပေးရန် သက်ဆိုင်ရာ ညွှန်ကြား
Donate to DVB

ရခိုင်ပြည်နယ်၊ ငပလီမြို့ အများပြည်သူ အပန်းဖြေ Public နေရာမှာ ကိုယ်ကျိုးအတွက် ဆိုင်းခန်းတွေ ဆောက်လုပ်ရောင်းနေမှုကို ဒီလ ၃၀ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ သက်ဆိုင်ရာကညွန်ကြားလိုက်ပါတယ်။

ငပလီကမ်းခြေကို မူလရည်ရွယ်ချက်အတိုင်း Public မြေဧရိယာအဖြစ်ထားရှိ သွားရန်နဲ့ ဆိုင်ခန်းဆောက်လုပ် ငှါးရမ်း ရောင်းချနေတာတွေ အားလုံးကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဖယ်ရှားသွားဖို့ ဆုံးဖြတ်လိုက်တာလို့ ငပလီမြို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ငပလီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က “ပြည်နယ်အစိုးရရဲ့ သဘောတူခွင့်ပြုချက်နဲ့ ဆောက်ထားတာ မဟုတ်သလို ကျနော်တို့ အောက်ခြေပိုင်းက သဘောတူပြီး ခွင့်ပြုထားတာလည်း မဟုတ်ပါဘူး။ ဒါကတော့ ကျနော်တို့ရှင်းပါတယ်။ အဲဒီနေရာကို ဖယ်ရှားပြီးတော့ မှုလအတိုင်း Public နေရာအဖြစ်ထားရှိဖို့နဲ့ ဆိုင်းခန်းတွေကို လုပ်ထုံးလုပ်နည်း အတိုင်းဖယ်ရှား သွားရန် ဆိုပြီးတော့ ပြည်နယ် အစည်းအဝေးမှတ်တမ်းချမှတ်လိုက်တယ်။” လို့ ပြောပါတယ်။

ဒေသခံတွေကလည်း အခုနေရာကို အများပြည်သူပိုင်ဆိုင်တဲ့ Public နေရာအဖြစ် ပြောင်းလဲစေချင်နေကြပါတယ်။

သံတွဲခရိုင်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးညီလေးက “Public မြေဧရိယာဆိုတာ အများပြည်သူတွေ အတွက်တကယ်လိုအပ်နေတဲ့ မြေဧရိယာဖြစ်ပါတယ်။ ဒီဧရိယာ ထဲမှာ အခုလိုပေါ့။ ဈေးဆိုင်းခန်းတွေ ဆောက်တယ်။ ဒေသအတွက်ဖွံဖြိုးမှုအလုပ်တွေ မလုပ်ဘဲနဲ့ ကိုယ်ကျိုးအတွက် အလုပ်လုပ်နေတဲ့ စီးပွားရေး သမားတွေကြောင့် ကျနော်တို့ ဒီအခြေအနေအထိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကပါ။ ထုတ်ပြန်ရတဲ့အထိ ဖြစ်လာတယ်။ အားလုံးပွင့်လင်းမြင်သာစွာ ချပြနေတဲ့ ပြည်သူ့ သဘောထားလုပ်လုပ်နေတဲ့အချိန်ပါ။”

ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်အတွင်းရှိ ငပလီကမ်းခြေ Public မြေဧရိယာမှာ လူအများဆုံး ၀င်ထွက်သွားလာ အနားယူအပန်းဖြေနေသော မြေဧရိယာဖြစ်ပါတယ်။

ငပလီမြို့ဒေသခံတဦးဖြစ်တဲ့ ဦးကိုလေးက “Public ဧရိယာဆိုလို့ ဒီတနေရာပဲရှိတယ်။ ရှိတဲ့နေရာကိုလည်း ကြည့်လိုက်ဦး၊ ပေ ၁၀၀ ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်။ သင်္ကြန်တို့ အခါကြီးရက်ကြီးတွေမှာ လာလည်တဲ့ ဧည့်သည်တွေဆိုရင်  ပေ ၁၀၀ လောက်လုံလောက်မှု လုံးဝမရှိဘူး။ ကမ်းခြေတက်မယ်၊ ပြန်လာမယ်။ ရေချိုးမယ်၊ အနားယူမယ်ဆိုရင် အဲဒီအချိန်မှာ သူတို့က ဘာလုပ်လိုက်လဲဆိုတော့ ဒီလောက်ကျဉ်းကျဉ်းလေး ရတဲ့မြေကို တဝက်ကျော်ကျော်လောက်ကို ခြံခတ်ပြီးတော့ ဆိုင်ခန်းတွေဖွင့်တယ်။ ဆိုင်ခန်းလုပ်မယ်ဆိုတော့ ရောင်းစားမယ်ဗျာ။ ငှားစားမယ်ပေါ့ဗျာ”လို့ ပြောပါတယ်။

အဲဒီမြေနေရာတွေကို ငပလီမြို့ စည်ပင်ဥက္ကဋ္ဌ ဦးစောလွင်က ဦးစီးပြီး ခြံစည်းရိုးကာရံခြင်း၊ ဈေးဆိုင်ခန်းမှ ငွေကောက်ခံ စီးပွားရှာနေတဲ့အတွက် တားဆီးအရေးယူပေးပါဖို့ တင်ပြခဲ့ကြပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က public ဧရိယာအဖြစ်ထားရှိဖို့နဲ့ ဆိုင်းခန်းဆောက်လုပ်နေတာတွေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီ ဖယ်ရှားထားဖို့ ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကွင်းဟာ အရှည် ၁၉၀ အနံ ၁၂၅ ပေ ရှိပြီးတော့ အဲဒီမှာ ကလေးအားကစားကွင်း၊ ဘောလီဘော စတဲ့ ယခင်က ကစားကွင်းတခုဖြစ်ခဲ့ပါတယ်။ အများပြည်သူပိုင်ဆိုင်တဲ့ မြေဧရိယာကို ကိုယ်ကျိုးအတွက် ငှားရမ်း ရောင်းစားထားလို့ အရေးယူပေးဖို့နဲ့ ဖျက်သိမ်းပေးဖို့ကို ၂၀၁၇ မတ်လ ၂၄ ရက် ငပလီမြို့ဒေသခံ ဆန္ဒထုတ် ဖော်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013