DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ခရီးသည်တင်ယာဉ်ပေါ်မှ ကျောက်စိမ်းတုံးများ ဖမ်းမိ
DVB
·
November 25, 2017
အင်းတော်တွင် ခရီးသည်တင်ယာဉ်ပေါ်မှ ကျောက်စိမ်းတုံးများ ဖမ်းမိ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မန္တလေး - မြစ်ကြီးနားကားလမ်း ကန်းနီရွာထိပ်မှာ နိုဝင်ဘာ ၂၄ ရက် ညက ရွှေကချင်ခရီးသည်တင်ယာဉ်ပေါ်မှ တရားမဝင် ကျောက်စိမ်းတုံးတွေ ဖမ်းမိကြောင်း အင်းတော်မြို့မရဲစခန်းက သိရပါတယ်။

နဘားရဲကင်းစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ တရားမဝင် ကျောက်စိမ်းတွေ သယ်ဆောင်လာကြောင်း သတင်းအရ မန္တလေး - မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် (၁၄၄/၅) နဘားကျေးရွာအုပ်စု ကမ်းနီကျေးရွာ လမ်းထိပ်မှာ စောင့်ဆိုင်းနေစဉ် မြစ်ကြီးနားဘက်မှ ယာဉ်မောင်း ချစ်မင်း နဲ့ ယာဉ်နောက်လိုက်နိုင်လင်းထွန်းတို့ မောင်းနှင်ပြီး ခရီးသည် ၁၅ ဦးလိုက်ပါလာတဲ့ ရွှေကချင်ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ဝမ်းဗိုက်အမ်ခွက် အတွင်းမှ  ကျောက်စိမ်းလို့ ယူဆရတဲ့ ပီနံအိတ်တွေနဲ့ ထုပ်ပိုးထားတဲ့ ၅၈ ထုပ်၊ အလေးချိန် ၁၃၃၆ ဒဿမ ၇၃ ပိဿာ တို့အား ဖမ်းဆီးရမိခဲ့တယ်လို့ နဘားရဲကင်းစခန်းမှူး ရဲအုပ်ခင်ဇော်ထိုက်က ပြောပါတယ်။

ဖမ်းဆီရမိတဲ့ ကျောက်စိမ်းထုပ်တွေကို အင်းတော်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး ယာဉ်မောင်း ချစ်မင်း နဲ့ ယာဉ်နောက်လိုက် နိုင်လင်းထွန်းတို့နှစ်ဦးအား အင်းတော်မြို့မ ရဲစခန်းက မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄၂ (က)အရ အရေးယူဆောင်ရွက်ထားပါတယ်။

ကျောက်စိမ်းတုံး အလုံးရေနဲ့ ကာလတန်ဖိုး တွက်ချက်နိုင်ဖို့ ကျောက်မျက်ရုံးကို ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကိုကျော် (အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013