DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ-မြင်းခြံကားလမ်းတွင် ကားတိုက်ခံရ၍ အဘွားအိုတဦး သေဆုံး
DVB
·
November 25, 2017
မိတ္ထီလာ-မြင်းခြံကားလမ်းတွင် ကားတိုက်ခံရ၍ အဘွားအိုတဦး သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် မိတ္ထီလာ-မြင်းခြံကားလမ်း မိုင်တိုင် ၁၄/၃ နဲ့ ၄ အကြားမှာ နိုဝင်ဘာ ၂၄ရက် မနက်က အသက် ၇၅ နှစ်ရှိ အဘွားအိုတဦး ကားတိုက်ခံရပြီး သေဆုံးတယ်လို့ မလှိုင်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။

မလိုင်မြို့နယ် လယ်တကောင်းရွာနေ အသက် ၇၅ နှစ်ရှိ အဘွား ဒေါ်ခင်အေးဟာ စိတ်မူမမှန်ဖြစ်နေခဲ့ပြီး လမ်းပေါ်လျှောက်သွား နေရာမှ ဒီနေ့မနက်ပိုင်းက ကားတိုက်သွားတာဖြစ်ပြီး ကားကိုစုံစမ်းနေတယ်လို့ဆိုပါတယ်။

မလှိုင်မြို့မရဲစခန်းတာဝန်မှူး ရဲအရာရှိက “လယ်တကောင်းရွာ အုပ်ချုပ်ရေးမှူးက ဖုန်းဆက်ပြီး သတင်းပေးလို့ သွားခဲ့တယ်။ ဒေါ်ခင်အေး ကားတိုက်ခံရပြီး ဝဲနားထင်နဲ့နဖူးပေါက်ပြဲ ဒဏ်ရာရတယ်၊ နှာခေါင်းသွေးထွက်တယ်၊ ဝမ်းဗိုက်ပေါက်ပြီး အူတွေထွက်နေတယ်၊ မလှိုင်ဆေးရုံကို ဗလငါးတန်ပရဟိတကား နဲ့ ပို့ပေးတယ်" လို့ ပြောပါတယ်။

လယ်တကောင်းရွာနေသူတဦးက “အဘွားဒေါ်ခင်အေးက စိတ်မနှံ့ မူမမှန် ဖြစ်နေတာ လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်လောက်ကစဖြစ်တယ်။ ဒီလိုပဲလျှောက်သွားနေတယ် အခုတော့ ကားတိုက်ခံရပြီး သေဆုံးသွားတယ်"လို့ ပြောပါတယ်။

မလှိုင်မြို့မရဲစခန်းက ထွက်ပြေးသွားတဲ့ ယာဉ်မောင်းအား ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013