DVB Logo
Home
မြန်မာသတင်း
ဥပဒေ ၃ ခု သမ္မတ လက်မှတ်ထိုးထုတ်ပြန်ရန် ပြည်ထောင်စုလွှတ်တော်ပေးပို့
DVB
·
November 25, 2017
ဥပဒေ ၃ ခု သမ္မတ လက်မှတ်ထိုးထုတ်ပြန်ရန် ပြည်ထောင်စုလွှတ်တော်ပေးပို့
Donate to DVB

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ စာရင်းအင်းဥပဒေကြမ်းနဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းတို့ကို သမ္မတက လက်မှတ်ထိုးထုတ်ပြန်ဖို့ ပြည်ထောင်စု လွှတ်တော်က ပေးပို့လိုက်ပါတယ်။

နိုဝင်ဘာ ၂၄ ရက် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဥပဒေကြမ်း ၃ ခု ပေးပို့နိုင်ခဲ့ကြောင်း ပြောကြားသွားတာဖြစ်ပြီး ဒီတကြိမ် ပြည်ထောင်စု လွှတ်တော်ကနေ အစိုးရဘဏ္ဍာနှစ်ပြင်ဆင်သတ်မှတ်မှာကို ဆွေးနွေး မှတ်တမ်းတင်ထား လိုက်နိုင်တယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေတွေကို မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အတွက် ကျပ်သန်းပေါင်း ၃၂၄၉၉.၉၉၈ ခွင့်ပြုပေးခဲ့ပြီး အဲ့ဒီရန်ပုံငွေတွေနဲ့ ခွင့်ပြုလုပ်ငန်းတွေ ပြီးစီးအောင် ဆောင်ရွက်ကြဖို့လည်း လွှတ်တော်နာယက ကမှာပါတယ်။

နောက်တကြိမ် ပြန်ကျင်းပမယ့် ၇ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆက်လက် ဆွေးနွေးအတည်ပြုကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013