DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၁၀၀ ကျော် ပြန်ရွေးမည်
DVB
·
November 25, 2017
ဧရာဝတီတိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၁၀၀ ကျော် ပြန်ရွေးမည်
Donate to DVB

အရင်အစိုးရလက်ထက် ရွေးချယ်ထားတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၂၁၀၀ ကျော်ကို ပြန်လည်ရွေးချယ်သွားမယ်လို့ ဒီကနေ့ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

တတိယအကြိမ်ပြင်ဆင်ထားတဲ့ ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေအရ ရွေးချယ်သွားမှာဖြစ်ပြီး အစိုးရသစ် စတင်တာဝန်ယူတဲ့ ၂၀၁၆ ဧပြီ နောက်ပိုင်းရွေးချယ်တဲ့ အုပ်ချုပ်ရေးမှူး အယောက် ၉၀ ကျော်ကိုတော့ ပြန်လည်ရွေးချယ်မှာမဟုတ်ဘူးလို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တိုင်းအစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးကျော်မြင့်ကပြောပါတယ်။

တတိယအကြိမ်ပြင်ဆင်ထားတဲ့ ရပ်/ ကျေးအုပ်ချုပ်ရေး ဥပဒေမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့သက်တမ်းကို သမ္မတသက်တမ်းအတိုင်း ဖြစ်တယ်လို့ ပြင်ဆင်ထားတာပါ။

ဒါကြောင့် တနိုင်ငံလုံးက တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ရေးကိစ္စတွေကို ဆောင်ရွက်နေကြတာပါ။

ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ မနေ့က အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ခရိုင်အုပ်ချုပ်ရေးမှူး/ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံညှိနှိုင်းပြီး အရင်အစိုးရလက်ထက် ရွေးချယ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013