DVB Logo
Home
မြန်မာသတင်း
FDA ညွှန်မှူးအယောင်ဆောင် ငွေလိမ်တောင်းသူ ဓာတ်ပုံထုတ်ပြန်
DVB
·
November 25, 2017
FDA ညွှန်မှူးအယောင်ဆောင် ငွေလိမ်တောင်းသူ ဓာတ်ပုံထုတ်ပြန်
Donate to DVB

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ညွှန်ကြားရေးမှူးဆိုပြီး ရန်ကုန်က ရေသန့်လုပ်ငန်းရှင်တွေကို လိမ်လည်ငွေတောင်းသူ ဓာတ်ပုံကို တိုင်း FDA က ထုတ်ပြန်လိုက်ပါတယ်။

ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံစက်မှုဇုန်တွေ၊ မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံမြို့နယ်တွေရှိ သောက်ရေသန့်စက်ရုံတွေကို အဓိက ပစ်မှတ်ထားပြီး ငွေလိမ်တောင်းနေတာ ဖြစ်ပါတယ်။

သူ့ကို သိတဲ့သူရှိပါက FDA စာမျက်နှာရဲ့ message box ကတဆင့်ဖြစ်စေ၊ ဌာနသို့ဖြစ်စေ အကြောင်းကြားပေးပါလို့ ဌာနက မေတ္တာရပ်ခံထားပြီး စားသောက်ကုန်ထုတ်လုပ်ငန်းတွေ သတိထားကြဖို့နဲ့ အဲ့ဒီလူရောက်လာရင် ဖမ်းဆီးနိုင်ဖို့ ဒေသခံ အုပ်ချုပ်ရေး၊ ရဲစခန်းတွေနဲ့ ချိတ်ဆက်ထားကြဖို့လည်း ဌာနက နှိုးဆော်တိုက်တွန်းထားပါတယ်။

ဌာနအနေနဲ့ ဒီလို ညွှန်ကြားရေးမှူး အယောင်ဆောင်ပြီး ငွေလိမ်တောင်းနေတဲ့သူကို ရဲစခန်းတိုင်ထားခြင်း ရှိမရှိတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013