DVB Logo
Home
မြန်မာသတင်း
အရက်မူး စကားများရာက လူသတ်ထွက်ပြေးသူ မိနစ်ပိုင်းအတွင်း ဖမ်းမိ
DVB
·
November 24, 2017
အရက်မူး စကားများရာက လူသတ်ထွက်ပြေးသူ မိနစ်ပိုင်းအတွင်း ဖမ်းမိ
Donate to DVB

ကလေးမြို့ ချမ်းမြေ့အာင်စည်ရပ်ကွက် နွားပွဲဈေးမှာ ဒီကနေ့ မနက်က အတူတူ အရက်မူး စကားများပြီး ဓားထိုး လူသတ် ထွက်ပြေးသူကို သတင်းရပြီး ၁၅ မိနစ်ခန့်မှာပဲ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့ရဲစခန်းက သိရပါတယ်။

ကလေးမြို့ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်က “ကျနော်တို့ စခန်းမှာရှိနေတုန်း ၁၁ နာရီမထိုးခင် နွားပွဲဈေးမှာ ဓားထိုးမှု ဖြစ်တယ်လို့ အကြောင်းကြားတော့ ချက်ချင်း အခင်းဖြစ်တဲ့နေရာကို စခန်းမှူး ကိုယ်တိုင်ပါ လိုက်ခဲ့တယ်။ အဲဒီရောက်တော့ တရားခံက ထွက်ပြေးပြီ။ ဒါနဲ့ ဆိုင်ကယ်ပေါ်ကတောင် မဆင်းဘဲ ဆက်လိုက်တာ မြို့အထွက်ရောက်တော့ ဖမ်းမိတာပဲ။ လူက သွေးပေနေတယ်။ တင်ပါးအောက်နားမှာ ဒဏ်ရာ ရထားတယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၂၀ ကျော်အရွယ်သာ ရှိသေးပြီး ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာ ၅ ချက်နဲ့ အခင်းဖြစ်ပွားရာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူက “သူက ကျနော့်ကို အတူသောက်ရင်း စိန်ခေါ်တာ။ အဲ့ဒါနဲ့ ကျနော်က တခြားအိမ်က ဓားသွားယူပြီး ပြန်လာသောက်တယ်။ အဲဒီမှာ ထပ်စိန်ခေါ်တာနဲ့ ဓားနဲ့ ထိုးခဲ့တာ” လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ ဇင်မင်းထွန်းဟာ သေဆုံးသူနဲ့ တရပ်ကွက်တည်းနေ ခင်မင်သူဖြစ်ပြီး ဇင်မင်းထွန်းကို ဖမ်းဆီးမိတဲ့အချိန်မှာ အခင်းဖြစ်စဉ် အသုံးပြုခဲ့တဲ့ စတီးလ်ဓား သက်သေပါ ရခဲ့ပါတယ်။

လူသတ်မှုအတွက် ဇင်မင်းထွန်းကို ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ သေဆုံးသူရဲ့ ဇနီးကိုယ်တိုင် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013