DVB Logo
Home
မြန်မာသတင်း
ဦးကိုနီ အမှုနှင့်ပတ်သက်၍ မမှန်သက်သေ ထွက်ဆိုခဲ့မှု အမိန့်မချနိုင်သေး
DVB
·
November 24, 2017
ဦးကိုနီ အမှုနှင့်ပတ်သက်၍ မမှန်သက်သေ ထွက်ဆိုခဲ့မှု အမိန့်မချနိုင်သေး
Donate to DVB

ရှေ့နေ ဦးကိုနီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး  မမှန်သက်သေ ထွက်ဆိုခဲ့မှုအတွက် ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်က ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးခဲ့ပေမယ့် အမိန့်မချသေးဘဲ နောက်တပတ် ရုံးချိန်း ထပ်မံချိန်းဆိုခဲ့ရပါတယ်။

ရောင်ဝါဖြိုး ကုမ္ပဏီရဲ့မန်နေဂျာ ရဲထွဋ်လှိုင်ကို မမှန်သက်သေ ထွက်ဆိုမှုအတွက် အမိန့်မချသေးဘဲ နောက်တပတ် ရုံးချိန်မှာ ပြန်လည်တင်ပြသွားမယ်လို့ ဦးကိုနီဘက်က အကျိုးဆောင် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် ရုံးချိန်းစစ်ဆေးခဲ့စဉ်မှာ ဇေယျာဖြိုး ပိုင်တဲ့ ရောင်ဝါဖြိုးကုမ္ပဏီက မန်နေဂျာဟာ တရားလိုရှေ့နေတွေ စစ်ဆေးချိန်မှာ မမှန်သက်သေ ထွက်ဆိုတာကြောင့် တရားလိုရှေ့နေတွေက ရုံးတော်ကို တင်ပြခဲ့တာဖြစ်ပြီး ဒီနေ့ရုံးချိန်းမှာ အမိန့်ချမှတ်ဖို့ ဖြစ်ပါတယ်။

ရဲထွဋ်လှိုင်ဟာ ဒီအမှုမှာ အဓိကတရားခံအဖြစ် ပါဝင်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကို နေပြည်တော်အထိ ကားမောင်းပို့ပေးခဲ့သူတဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် ရုံးချိန်းမှာ သက်သေလာထွက်ဆိုတဲ့ ရဲထွဋ်လှိုင်ကို ကြိုတင်ထွက်ဆိုချက်နဲ့ ကွဲလွဲလို့ မမှန်ထွက်ဆိုတယ်ဆိုပြီး ဦးကိုနီဘက်က ရှေ့နေတွေက အစိုးရရှေ့နေကတဆင့် ရာဇသတ်ကြီးပုဒ်မ ၁၉၃ အရ အရေးယူဖို့ လျှောက်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013