DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာလုပ်သားများ စီးနင်းလာသည့်ကား မီးလောင်၊ ၁၄ ဦးသေဆုံး
DVB
·
November 24, 2017
ထိုင်းတွင် မြန်မာလုပ်သားများ စီးနင်းလာသည့်ကား မီးလောင်၊ ၁၄ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံ ဆင်းပူရီးခရိုင်ထဲမှာ ဒီကနေ့ မနက်စောစောက မြန်မာအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ ကားတစီး ဆယ်ဘီးကားနဲ့ တိုက်မိပြီး ကားတစီးလုံး မီးလောင်သွားတဲ့အတွက် ကားထဲပါလာတဲ့ မြန်မာအလုပ်သမားတွေနဲ့ ကားမောင်းသူ အားလုံး ၁၄ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့မနက် ၃ နာရီလောက်က ပန်မန်းရပ်ကွက်အပိုင်း အာရှလမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆဖြစ်ပြီး ကားမီးလောင်ကြောင်း သတင်းရတဲ့အတွက် လူနာတင်ကားတွေနဲ့ သွားရောက်ခဲ့ရာ အခင်းဖြစ်တဲ့နေရာမှာ တိုယိုတာ မှန်လုံကားတစီး မီးလောင်နေလို့ ဆင်းပူးရီးမြို့နယ် မီးသတ်ဌာနကို အကူအညီတောင်းပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့ ဆင်းပူးရီးမြို့နယ်ရဲစခန်း တာဝန်ကျရဲအုပ် ကျင်းဒေချ ဒုန်ရတ်ဆမီက သတင်းထောက်တွေကို ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မိနစ် ၂၀ ကြာအောင် မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ ကားထဲပါလာသူ ၁၄ ဦးလုံးကတော့ သေဆုံးသွားခဲ့ပြီလို့ သူက ဆက်ပြောပါတယ်။

မီးလောင်သွားတဲ့ ကားအနီးမှာ မစ်ဆူဘီရှီဖူဆို အဖြူရောင် ဆယ်ဘီးကားတစီး ရပ်နေတာတွေ့လို့ သွားရောက်စစ်ဆေးရာမှာ ကားနောက်ဘီး ပျက်စီးနေတာ တွေ့ရကြောင်း၊ ယာဉ်မောင်းဖြစ်သူ နိုင်းဆုန်ထောင်းဖတ်ထောင်း (၅၆ နှစ်) က သူဟာ လမ်းကြောအတိုင်း ပုံမှန်မောင်းနှင်လာပေမယ့် မှန်လုံကားက သူ့ကားကို အနောက်ကနေ ဝင်တိုက်ခဲ့ပြီး မီးလောင်သွားတာလို့ ဆိုပါတယ်။

ဆက်လက်စစ်ဆေးချက်အရ အဲဒီမှန်လုံကားဟာ ဘွန်းရိန်းထူဝ်းကုမ္ပဏီပိုင် ခရီးသည်တင်ကား ဖြစ်ပြီး တာ့ခ်ခရိုင် မဲဆောက်မြို့ကနေ နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီက ထွက်ခွာလာကြောင်း၊ ယာဉ်မောင်း နိုင်းပထုန်ဖတ် ဖန်းဖွန် (၄၇ နှစ်) မှ ဘန်ကောက်ကို အလုပ်သွားလုပ်မယ့် မြန်မာအလုပ်သမား ၁၃ ဦးကို တင်ဆောင်လာရာမှာ အခုလို ယာဉ်တိုက်မှုကြုံခဲ့ရတာလို့ ရဲအုပ်က ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့ အကြောင်းရင်းမှာ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ပြီး ရှေ့ကားကို ဝင်တိုက်တယ်လို့ ကနဦး သုံးသပ်ထားကြောင်း၊ သေဆုံးသွားတဲ့ အလုပ်သမားတွေကတော့ မြန်မာဘက်ခြမ်းကနေ ပတ်စ်ပို့နိုင်ငံကူးလက်မှတ်နဲ့  (Work Permit) စတဲ့ စာရွက်စာတမ်း အပြည့်အစုံနဲ့ ဝင်ရောက်လာတာဖြစ်ကြောင်း၊ ဒါပေမယ့် မီးလောင်ထားတဲ့အတွက် ဘယ်သူဘယ်ဝါ ခွဲခြားမရနိုင်လို့ ဆေးရုံမှာ ဒီအန်အေစစ်ဆေးပြီး သက်ဆိုင်ရာ ဆွေမျိုးတွေထံ အပ်နှံပေးသွားမယ်လို့ ဆင်းပူးရီးမြို့နယ်ရဲစခန်း တာဝန်ကျရဲအုပ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013