DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ကိစ္စ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူ
DVB
·
November 24, 2017
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ကိစ္စ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူ
Donate to DVB

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေနဲ့ စပ်လျဉ်းပြီး ဆောင်ရွက်မယ့် အစီအစဉ်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အကြားသဘောတူညီမှု ရရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ်ဟတ်ဆန် မာမွတ်အလီတို့ မနေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေနဲ့စပ်လျဉ်းပြီး ဆောင်ရွက်မယ့် အစီအစဉ်ဟာ ၁၉၉၂ ခုနှစ်က နှစ်နိုင်ငံအစိုးရအကြား နိုင်ငံခြားရေးဝန်ကြီးအဆင့် လက်မှတ်ရေးထိုးခဲ့တဲ့ ပူးတွဲကြေညာချက်ကို အခြေခံ ရေးဆွဲထားပြီး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေကို စနစ်တကျ စိစစ်လက်ခံရာမှာ လိုက်နာဆောင်ရွက်ရမယ့် အထွေထွေမူဘောင်တွေနဲ့ မူဝါဒရေးရာ အစီအမံတွေပါရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စဟာ နိုင်ငံတကာ အရေးကိစ္စအဖြစ် ကြိုးပမ်းဆောင်ရွက်တဲ့ကိစ္စ ဖြစ်တယ်၊ မြန်မာအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား အရေးကိစ္စ ပေါ်ပေါက်လာပါက နှစ်နိုင်ငံချင်း ဆွေးနွေးညှိနှိုင်းခြင်းနဲ့သာ ဖြေရှင်းရမယ်လို့ အခိုင်အမာရပ်တည်ခဲ့တယ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အခုလို နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှုကို အခြေခံကာ နှစ်ဦးနှစ်ဖက် လက်ခံနိုင်မည့် ရလဒ်ကို ရယူခဲ့ခြင်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ့် နတ်မြစ် မြောက်ဘက်ကုန်းပိုင်း နယ်နိမိတ်စာချုပ် (၁၉၉၈) အတည်ပြု စာချွန်လွှာနဲ့  နတ်မြစ် နယ်နိမိတ် ဖြည့်စွက်အခြေပြစာချုပ် (၂၀ဝ၇) တို့ကိုလည်း နှစ်နိုင်ငံအကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးကိစ္စ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် ၂၅ ရက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး နောက် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတာဖြစ်ပြီး နေရပ်စွန့်ခွာသွားသူတွေ ဆန္ဒအလျောက် ဘေးကင်းစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး ဆောင်ရွက်ပေးဖို့ မြန်မာကို နိုင်ငံတကာအစိုးရတွေက တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013