DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီအချို့၏ အထောက်အထား မခိုင်လုံဘဲ ပြောကြားချက်များအပေါ် ကော်မရှင်သတိပေး
DVB
·
November 24, 2017
နိုင်ငံရေးပါတီအချို့၏ အထောက်အထား မခိုင်လုံဘဲ ပြောကြားချက်များအပေါ် ကော်မရှင်သတိပေး
Donate to DVB

အထောက်အထား မခိုင်လုံဘဲ နိုင်ငံရေးပါတီအချို့ရဲ့ ပြောကြားချက်တွေဟာ အများပြည်သူ အထင်အမြင်မှား ဖြစ်စေနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို သဘောထား ကြေညာချက်တွေ မလုပ်ဖို့ တားဆီးပိတ်ပင်၊ ကန့်သတ်ချုပ်ချယ်တာ မရှိဘဲ ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်တဲ့အပေါ် ပါတီအချို့နဲ့ လူပုဂ္ဂိုလ်အချို့တို့က အပြုသဘော မဆောင်ဘဲ သဘောထားကြေညာချက်တွေ ထုတ်ပြန်တာ၊ မီဒီယာတွေကို ပြောကြားတာတွေ ရှိခဲ့လို့ အထောက်အထား မခိုင်လုံဘဲ ပြောကြားချက်တွေဟာ အများပြည်သူ အထင်မှား အမြင်မှား ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်နိုင်ငံရေးပါတီက ဘယ်လို အထောက်အထား မခိုင်လုံဘဲ ပြောဆိုထုတ်ပြန်ခဲ့တယ် ဆိုတာကိုတော့ ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ အသေးစိတ် ဖော်ပြထားခြင်းမရှိပါဘူး။

ဒါ့အပြင်  နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဝင်အင်အား အခြေအနေကို ဥပဒေနဲ့ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့လည်း ပါတီတွေကို အကြောင်းကြား တိုက်တွန်းထားပါတယ်။

နိုင်ငံရေးပါတီတွေဟာ ပြည်ထောင်စုတဝန်းလုံး စည်းရုံးမယ့်ပါတီ ဖြစ်ပါက ပါတီဝင် ဦးရေ အနည်းဆုံး ၁ဝဝဝ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုအတွင်း စည်းရုံးမည့်ပါတီ ဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၅ဝဝကို စည်းရုံးရမယ်၊ လျော့နည်းသွားပါက ပါတီဝင် အင်အားပြည့်မီအောင် ထပ်မံစည်းရုံးဖို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013