DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးသစ်၂ ဦးခန့်အပ်ရန်လွှတ်တော်သဘောတူ၊ အမတ်ဦးစိုးသိန်းကန့်ကွက်
DVB
·
November 23, 2017
ဝန်ကြီးသစ်၂ ဦးခန့်အပ်ရန်လွှတ်တော်သဘောတူ၊ အမတ်ဦးစိုးသိန်းကန့်ကွက်
Donate to DVB

 

နိုင်ငံတော်သမ္မတ ပေးပို့ထားတဲ့ ဝန်ကြီးဌာနသစ် ၂ ခုဖွဲ့စည်းဖို့နဲ့ ဝန်ကြီး ၂ ဦးခန့်အပ်ဖို့ကိစ္စ ပြည်ထောင်စုလွှတ်တော်က သဘောတူညီလိုက်ပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာတော့ နိုဝင်ဘာ ၁၈ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော်က သမ္မတပေးပို့ထားတဲ့  ဝန်ကြီးဌာနအသစ် ၂ ခုဖွဲ့စည်းဖို့နဲ့ ဝန်ကြီးသစ် ၂ ဦးခန့်အပ်ဖို့ ကိစ္စ ဆွေးနွေးခဲပါတယ်။

ဝန်ကြီးဌာနသစ် ၂ ခု ဖွဲ့စည်းဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးခန့်အပ်မယ့်ကိစ္စမှာ  လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူညီ ခဲ့ပြီးပေမယ့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်မယ့် ဦးသောင်းထွန်းကိုတော့ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခဲ့ပါတယ်။

ကန့်ကွက်ကြောင်းအဆို တင်သွင်းမှုမှာ ခိုင်လုံတဲ့သက်သေ အထောက်အထား တင်ပြနိုင်ခြင်း မရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက  အဆို တင်သွင်းခွင့်မပြုတော့ဘဲ နိုင်ငံတော်သမ္မတ ပေးပို့ထားတဲ့အတိုင်း ပြည်ထောင်စုလွှတ်တော်က သဘောတူညီကြောင်း ကြေညာခဲ့ပါတယ်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်မယ့် ဦးသောင်းထွန်းဟာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြလာတဲ့ ကိုယ်ရေးရာဇဝင်မှာ  ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က နိုင်ငံခြားကုမ္ပဏီတခုလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိစ္စကို ဖော်ပြထားခြင်းမရှိတဲ့အတွက်ကြောင့် ကန့်ကွက်တာလို့ ဦးစိုးသိန်းက ပြောပါတယ်။

NLD အစိုးရအနေနဲ့ လိုအပ်ချက်အရ ဝန်ကြီးဌာနအသစ် ၂ ခု တိုးချဲ့ဖွဲ့စည်းခဲ့သလို လက်ရှိဖွဲ့စည်းထားပြီး လုပ်ဆောင်နိုင်စွမ်း နည်းပါးနေခဲ့ ဝန်ကြီးဌာနတွေမှာ ဒုဝန်ကြီးတွေ ခန့်ထားပြီး ပြည်သူတွေမျော်လင့်နေတဲ့ တိုင်းပြည်ဖွင့်ဖြိုးရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့လည်း ဦးစိုးသိန်းက ဆိုပါတယ်။

ဝန်ကြီးဌာနသစ် ၂ ခု နဲ့ ဝန်ကြီးအဖြစ် ခန့်အပ်မယ့် ၂ ဦးကို နိုဝင်ဘာ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ သဘောတူညီလိုက်တာကို နိုင်ငံတော် သမ္မတထံ ပေးပို့သွားမှာဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာတော့ ခန့်အပ်မယ့် ဝန်ကြီး ၂ ဦး ကျမ်းသစ္စာကျိန်ဆိုဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013