DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် တရားမဝင်ရေနံစိမ်း သယ်ဆောင်လာသည့်ယာဉ်တစီး ဖမ်းမိ
DVB
·
November 23, 2017
မကွေးမြို့တွင် တရားမဝင်ရေနံစိမ်း သယ်ဆောင်လာသည့်ယာဉ်တစီး ဖမ်းမိ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နတ်မောက်လမ်း၊ ကံရွာလေးကျေးရွာအနီး မြို့ဝင်ဂိတ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့က တရားမဝင် ရေနံစိမ်းတွေ သယ်လာတဲ့ ၁၂ ဘီး ဘောက်ဆာယာဉ် တစီးဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ်အေးမင်းထွန်း ဦးစီးတဲ့အဖွဲ့ဟာ မကွေးကနေ နတ်မောက်လမ်းအတိုင်း ယာဉ်မောင်းဇော်လတ်မောင်းနှင်လာတဲ့ ယာဉ်ကို စစ်ဆေးရာ ယာဉ်နောက်လိုက် နိုင်ထွန်းနဲ့ အေးမင်းထွန်းတို့ လိုက်ပါလာကာ ရေနံစိမ်းပေပါ ၇၀ လောက်တင်လာတာ တွေ့ရပြီး သယ်ယူခွင့်မျှော လက်မှတ်မှာပါတဲ့ ယာဉ်မောင်းနာမည်နဲ့ လွဲနေတာတွေ့ရပြီး အဲဒီယာဉ်ရဲ့ အောက်ခံနံပါတ်ပြားကို ကပ်ခွာနဲ့ကပ်ထားတာ တွေ့ရတဲ့ အတွက် ယာဉ်မောင်းဇော်လတ်ကို စစ်ဆေးရာ တရားမဝင်သယ်လာကြောင်း စစ်ဆေးပေါ်ပေါက် တဲ့အတွက်   ဥပဒေအရအရေးယူပေးဖို့ တိုင်တန်းခဲ့တာ ဖြစ်တယ်လို့ ရဲအုပ်အေးမင်းထွန်းက ပြောပါတယ်။

မကွေးမြို့မရဲစခန်းက "ဖြစ်စဉ်နဲ့ပတ်သက်လို့ ဇော်လတ်၊ နိုင်ထွန်းနဲ့ အေးမင်းထွန်းတို့ကို ၁၉၈၉ နိုင်ငံတော် စီပွားရေး ဥပဒေပုဒ်မ-၉ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အမှုစစ် ဒုရဲအုပ် သိန်စိုး ကပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013