DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်အဖြစ် အမေရိကန်သို့ ရွှေ့ပြောင်းခဲ့သည့် မြန်မာလူငယ်တဦး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
November 23, 2017
ဒုက္ခသည်အဖြစ် အမေရိကန်သို့ ရွှေ့ပြောင်းခဲ့သည့် မြန်မာလူငယ်တဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Donate to DVB

မြန်မာနိုင်ငံကနေ ဒုက္ခသည်အဖြစ် အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းလာတဲ့ ဆယ်ကျော်သက်တဦးဟာ သူအလုပ်လုပ်နေတဲ့ အဝတ်လျှော်ဆိုင်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အသက် ၁၅ နှစ်အရွယ် ဒီဇင်ဘာထူးလို့ခေါ်တဲ့ လူငယ်လေးဟာ ကန်းဆက်ပြည်နယ် ကန်းဆက်မြို့က သူအလုပ်လုပ်နေတဲ့ မေပယ်ဟေးလ် အဝတ်လျှော်ဆိုင်မှာ သေဆုံးနေတာကို နိုဝင်ဘာ ၁၈ ရက်နေ့မနက်မှာ ရဲတွေက တွေ့ခဲ့ပြီး သေနတ်နဲ့ အပစ်ခံရတာ နိုဝင်ဘာ ၁၇ ရက်နေ့ ညတည်းကလို့ ယူဆနေကြပါတယ်။

ဒီဇင်ဘာထူးရဲ့ မိခင်ဖြစ်သူ မသန်းက မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် ပိုလုံခြုံတဲ့နေရာကို ရွှေ့ပြောင်းဖို့ ရည်ရွယ်ချက်နဲ့ သူနဲ့ ကလေးလေးယောက် ထွက်ပြေးလာတာလို့ ပြောပါတယ်။

ဒီဇင်ဘာထူး အမေရိကန်နိုင်ငံကို ရောက်ခါစက အင်္ဂလိပ်စကား ပြောခဲသလို ရှက်တတ်သူတဦးလည်း ဖြစ်တယ်လို့ သူ့ရဲ့အတန်းဖော်တွေက ပြောပါတယ်။

သူက ဓမ္မတေးသီချင်း သီဆိုတဲ့အဖွဲ့မှာ ပါဝင်ပြီး ကျောင်းရဲ့ နပန်းသတ်အဖွဲ့မှာလည်း အဖွဲ့ဝင်တဦးဖြစ်ပါတယ်။

သူ့ရဲ့ နည်းပြဆရာ ဇက်ဒေဗီးစ်က ဒီဇင်ဘာထူးဟာ တခြားသူတွေကို ဂရုစိုက် စောင့်ရှောက်တတ်တဲ့ ကလေးတယောက် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီဇင်ဘာထူးရဲ့ ညီဖြစ်သူက သူ့အစ်ကိုဟာ နပန်းသတ်ရတာကို နှစ်သက်ကြောင်း၊ နောက်တချိန်မှာ ကိုယ်ခံပညာနဲ့ အလုပ်လုပ်မယ့် ကျွမ်းကျင်သူတဦးဖြစ်ဖို့ မျှော်လင့်ခဲ့ကြောင်း၊ သူဟာ လူတော်တယောက်ဖြစ်ပြီး ရန်သူလည်း မရှိဘဲ မိတ်ဆွေကောင်းတွေသာရှိကြောင်း၊ လူတိုင်းက သူ့ကိုချစ်ခင်ကြကြောင်း ပြောပါတယ်။

အဝတ်လျှော်ဆိုင်ထဲမှာ စောင့်ကြည့်ကင်မရာ မတပ်ထားတဲ့အတွက် လူသတ်သမားတွေရဲ့ သဲလွန်စကို ရဲတွေက ခုထိ ရှာမတွေ့သေးဘူးလို့ သိရပြီး ဒီဇင်ဘာထူးကို သတ်တဲ့တရားခံ ဖမ်းဆီးနိုင်ရေး ပြည်သူတွေဆီက သတင်းအချက်အလက်ရဖို့ ရဲတွေက မျှော်လင့်နေကြောင်း ဒေးလီးမေးလ်သတင်းမှာ နိုဝင်ဘာ ၂၁ ရက်နေ့က ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013