DVB Logo
Home
မြန်မာသတင်း
နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး ၁၈ ဦး အသတ်ခံရ
DVB
·
November 23, 2017
နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး ၁၈ ဦး အသတ်ခံရ
Donate to DVB

 

ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အတွင်း ဒေသခံ ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူး ၁၈ ဦး အသတ်ခံရပြီး ၃ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေအတွင်း အစိုးရရဲ့ ဦးစားပေးလုပ်ငန်းတခုဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းနဲ့ NVCard ထုတ်ပေးရေးလုပ်ငန်းစဉ်အတွင်း ARSA အကြမ်း ဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ဥပဒေနဲ့အညီ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ အသတ်ခံရတာလို့ ပြောပါတယ်။

“အဓိကကတော့ သူတို့က ဒီနိုင်ငံရဲ့ ဥပဒေအတိုင်း နိုင်ငံသားကတ် မထုတ်ချင်ဘူး။ သူတို့ လိုချင်တဲ့ နာမည်တခုနဲ့ နိုင်ငံသားအဆင့်လောက် မဟုတ်ဘဲ တိုင်းရင်းသားလို့ သတ်မှတ်တာကို လိုချင်တယ်။ အဲဒီတော့ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ အချင်းချင်းတွေမှာ ပူးပေါင်းပါဝင်တဲ့ သူတို့ရဲ့ ဘင်္ဂလီ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို သူတို့က ပူးပေါင်းပါဝင်ရကောင်းလားဆိုပြီး သတ်ကြတာ။”

အစိုးရ သတင်းမှာတော့ မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် ဖေဇီကျေးရွာမှာ နိုင်ငံသားကတ်လုပ်တာကို ဓားရှည်ကိုင် ခြိမ်းခြောက်တဲ့ ရာမောက်ကော်ရိမ် ဆိုသူကို ဖမ်းထားပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဖို့လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

လူ ၁၈ ဦး အသတ်ခံရတာဟာ ဘယ်အချိန် ဘယ်ကာလအတွင်း ဖြစ်တယ်ဆိုတာတော့ သတင်းမှာ အသေးစိတ်ဖော်ပြထားတာ မတွေ့ရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013