DVB Logo
Home
မြန်မာသတင်း
စစ်တောင်းမြစ်အတွင်း ငါးရှာရင်း ရေနစ်သေဆုံး ၂ ဦးအလောင်း ၂ ရက်ကြာမှတွေ့
DVB
·
November 23, 2017
စစ်တောင်းမြစ်အတွင်း ငါးရှာရင်း ရေနစ်သေဆုံး ၂ ဦးအလောင်း ၂ ရက်ကြာမှတွေ့
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ စစ်တောင်းမြစ်အတွင်း ငါးရှာရင် ပျောက်ဆုံးနေသူ ၂ ဦးကို ၂ ရက်အကြာမှာ သေဆုံးလျက် ပြန်တွေ့တယ်လို့ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ဖြူးမြို့နယ်ဘန်းလောင်ကျေးရွာနေ ဇော်နိုင်ဦးနဲ့ ဆေးရိုးကုန်းကျေးရွာနေ စိုးလင်းထွန်းတို့နှစ်ဦးဟာ ဘန်းလောင်ကျေးရွာရှိ စက်လှေဆိပ်အနီး စစ်တောင်းမြစ်အတွင်း အောက်တိုဘာ ၂၀ ရက်က ပိုက်ကွန်နဲ့ ငါးရှာရင်း ရေနစ်ပျောက်ဆုံးခဲ့ပြီး ၂၂ ရက်နေ့မှာ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ရေနစ်သေဆုံးနေတာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“ရေနစ်တာကတော့ အောက်တိုဘာ ၂၀ ရက်နေ့ကတည်းကပါ။ ဘန်းလောင် စက်လှေဆိပ်နားမှာဖြစ်တာ။ ဖြစ်တဲ့အချိန်ကတည်းက ရှာနေတာ မတွေ့ဘဲ ၂၂ နေ့ကျမှ အလောင်းတွေ ပြန်တွေ့တာပါ။ ငယ်တဲ့ကောင်လေးက ရေသိပ်မကူးတတ်ဘူးလို့ သိရတယ်။ ငါးရှာရင်းနဲ့ ရေနက်တဲ့ဘက်ကို ရောက်သွားတော့ ရေသိပ်မကူးတတ်တဲ့ ကောင်လေးက ရေနစ်တာကို နောက်တစ်ယောက်က ဆင်းဆယ်ရင်း နှစ်ယောက်လုံး ရေနစ်တာပါ။ အလောင်းတွေကိုတော့ ညောင်ပင်သာ ဆေးရုံကို သယ်ပြီးဆေးပညာအရ စစ်ဆေးမှုတွေ လုပ်နေပါတယ်” လို့ တာဝန်ရှိသူတဦးက  ပြောပါတယ်။

ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ်-၇/၂၀၁ရ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟု စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013