DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ဆရာ၊ ဆရာမများကို ပညာအရည်အချင်း လျှော့ပေါ့စဉ်းစား ခန့်အပ်ရန် အဆိုတင်
DVB
·
November 23, 2017
မောင်တောတွင် ဆရာ၊ ဆရာမများကို ပညာအရည်အချင်း လျှော့ပေါ့စဉ်းစား ခန့်အပ်ရန် အဆိုတင်
Donate to DVB

မောင်တောဒေသဟာ ဝေးလံခေါင်ဖျားတဲ့ဒေသမှာ ရှိတာကြောင့် စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေကို ခန့်တဲ့အခါ ပညာအရည်အချင်းတွေကို လျှော့ပေါ့စဉ်းစားပြီး ခန့်အပ်ပေးနိုင်ရေး အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ မောင်တော-ဘူးသီးတောင်-ရသေ့တောင်ဒေသတွေဟာ ဝေလံခေါင်ဖျား သွားလာရ ခက်ခဲတဲ့နေရာတွေ ဖြစ်တာကြောင့် ဆရာ၊ ဆရာမတွေကို ခန့်အပ်နိုင်ရေး အထူးအစီစဉ်တရပ်အနေနဲ့ ပညာအရည်အချင်း လျှော့ပေါ့စဉ်းစားပေးဖို့ အဆိုတရပ်ကို ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကို တင်းသွင်းလိုက်တာပါ။

ဒီအဆိုကို ဘူးသီတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က နိုဝင်ဘာ ၂၁ ရက်နေ့ မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းလိုက်တာပါ။

ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က “ဝေးလံခေါင်ဖျားမှာ ရှိနေတဲ့ ကိုယ့်တိုင်းရင်းသားတွေ၊ ပညာရေးဌာနအနေနဲ့ ခြွင်းချက်ထားပြီးတော့ ဆရာ၊ ဆရာမတွေ ခန့်အပ်တဲ့နေရာမှာ ပညာရေး အရည်အချင်းလေးတွေကို လျှော့ပေါ့ သတ်မှတ်ပေးလိုက်မယ်ဆိုရင် အမှန်တကယ် အဲဒီနေရာမှာရှိတဲ့ ကလေးတွေဟာ ပညာရေး အခွင့်အလမ်းတွေ၊ စာသင့်မယ် အခွင့်အရေးတွေရပြီး ဒေသဖွံ့ဖြိုးတိုးတက်ပြီးတော့ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတက်ရေးအတွက်ကို များစွာအထောက်အကူပြုမယ်။ ကျနော့်အနေနဲ့ ဒါကို ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ဒီအဆိုကို တင်သွင်းခြင်း ဖြစ်ပါတယ်။”လို့ပြောပါတယ်။

လက်ရှိအချိန်အထိ လုံခြုံရေးအရ စိုးရိမ်ရပြီး ခန့်အပ်ထားတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ဝေးလံခေါင်သီတဲ့ နေရာတွေကို မရောက်နိုင်တာကြောင့် ကလေးတွေရဲ့ ပညာရေးတွေဟာလည်း ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က “ကျနော်တို့ ဒေသအတွင်းမှာ သွားရေးလာရေး ခက်ခဲတယ်။ လုံခြုံရေး အသက်အန္တရာယ်တွေကို စိုးရိမ်လောက်တဲ့ လုံခြုရေးအခြေအနေ ဆိုးဆိုးဝါးဝါးတွေ ဒီနေ့ ဒီအချိန်အထိ ရှိနေဆဲ ဖြစ်တယ်။ ဒေသခံ ခန့်အပ်ထားတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ အဲဒီ ဝေးလံခေါင်ဖျားတဲ့ ခက်ခဲတဲ့ နေရာဒေသတွေကို သူတို့တွေ မရောက်နိုင်ဘူး။ မသွားနိုင်ဘူး။ မသွားနိုင်တော့ အဲဒီက ကလေးတွေက ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးနေတယ်။”လို့ပြောပါတယ်။

အဲဒီဒေသမှာရှိတဲ့ ၁၀ တန်း၊ ၉ တန်း မအောင်သေးတဲ့ သူတွေကို ဆရာ၊ ဆရာမတွေ သင်တန်းပေး ခေါ်ယူပြီး သူတို့တွေကို ခန့်ထားမယ်ဆိုရင် အောက်ခြေက မူကြို၊ သူငယ်တန်းကလေးတွေကို ဆက်လက်သင်ကြားပေးလိမ့်မယ်လို့ ဆိုပါတယ်။ ဒီအဆိုကို မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး လက်ခံ ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် ပညာရေးဌာနက လက်ထောက်ပညာရေးမှူး ဦးစိန်းထွန်းလှကတော့ လုံခြုံရေးအရ သွားလာရ ခက်ခဲပြီး ဝေးလံခေါင်ဖျားဒေသရှိ စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေရဲ့ ပညာအရည်အချင်းတွေကို လျှော့ပေါ့စဉ်းစားပြီး ခန့်ဖို့ဆိုတဲ့ နေရာမှာ အနည်းဆုံး ၁၀ တန်းကို (က) နဲ့ အောင်သူ ဖြစ်ရမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့က အကြမ်းဖက်မှုတွေ တဖန်ဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်းပေါင်း ၄၀၄ ကျောင်း ပိတ်ထားခဲ့ရတာပါ။

မောင်တောခရိုင်ထဲမှာ ကျောင်းပေါင်း ၄၀၄ ကျောင်းရှိပြီ ကျောင်းပေါင်း ၁၃၀ သာ ပြန်ဖွင့်နိုင်တဲ့ အခြေအနေမှာ ရှိနေပါသေးတယ်၊

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013