DVB Logo
Home
မြန်မာသတင်း
မူဘောင်ပြင်ဆင်ချက်များ UPDJC တင်ရန် အတွင်းရေးမှူးများ စည်းဝေး
DVB
·
November 22, 2017
မူဘောင်ပြင်ဆင်ချက်များ UPDJC တင်ရန် အတွင်းရေးမှူးများ စည်းဝေး
Donate to DVB

 

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးများ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အလုပ်အဖွဲ့ရဲ့ မူဘောင်ပြင်ဆင်ချက်တွေကို UPDJC တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရ၊ အပစ်ရပ်တပ်ဖွဲ့ ၈ ခုနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် စတဲ့ အစုအဖွဲ့ ၃ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UPDJC အလုပ်အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ကနေ ၂၀ အထိ နိုင်ငံရေးမူဘောင်ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

UPDJC အတွင်းရေးမှုးများအဖွဲ့ဝင် နိုင်ငံရေးပါတီအစုအဖွဲ့က စိုင်းကျော်ညွန့်က နိုင်ငံရေး မူဘောင်ပြင်ဆင်တာပြီးသွားပေမယ့် ဆုံးဖြတ်ချက်ချဖို့ ကျန်နေသေးတယ်လို့ ပြောပါတယ်။

“မူဘောင်ကတော့ ပြီးသလောက်နီးနီးဖြစ်သွားပြီ။ UPDJC နေ မူဘောင်ကို အတည်ပြုနိုင်ဖို့ ဘာဖို့ကတော့ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာပေါ့လေ။ အဲ့ဒီဟာလေး ကိုတော့ နောင်မှာ အကြေအလည်ဆွေးနွေးဖို့ လိုတာပေါ့လေ။ ဘယ်မှာ ဆုံးဖြတ်ချက်ချမလည်းပေါ့။ UPDJC မှာပဲ နောက်ဆုံးပိတ် ဆုံးဖြတ်ချက်ချမလား၊ ညီလာခံရောက်မှပဲ နောက်ဆုံးပိတ် ဆုံးဖြတ်ချက် ချမလား၊ အဲ့ဒီဟာလေးတော့ ကျန်သေးတယ်။”

နေပြည်တော် NRPC ရုံးမှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေးက ဆွေးနွေး ဆုံးဖြတ်ချက်တွေကို လာမယ့် နိုဝင်ဘာ ၂၄ရက်မှာလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ UPDJC အစည်းအဝေးကို တင်မှာ ဖြစ်ပါတယ်။

အလုပ်သဘောအရတော့ တတိယပင်လုံညီလာခံကို ဒီနှစ်ထဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း စိုင်းကျော်ညွန့်က ပြောပါတယ်။

“ဒီဇင်ဘာက မဖြစ်နိုင်ဘူး။ ဒီဇင်ဘာမှာက ရက် ၂၀ လောက်အထိပဲ အလုပ်လုပ်လို့ရတယ်။ ၂၀ ကျော်ရင် သံတမန်တွေလည်း မရှိတော့ဘူး။ ရုံးတော်တော်များများလည်း ပိတ်ပြီ။ တကယ် အောင်အောင်မြင်မြင် လုပ်ချင်တယ်ဆိုရင်တော့ စနစ်တကျရက်ကို သတ်မှတ်၊ ရှေ့မှာ လုပ်ရမယ့် လုပ်ငန်းကော်မတီ အစည်းအဝေးတွေ လုပ်၊ကျေကျေလည်လည် ဖြစ်အောင် ဆွေးနွေး၊အဲ့ဒီဘို တဆင့်ပြီးတဆင့် သွားပြီးမှပဲ ညီလာခံကျင်းပတာ ကောင်းလိမ့်မယ်။ ဒါဆိုရင် ရလာတဲ့ ရလဒ် အပေါ်မှာလည်း သိပ်ပြီး အငြင်းပွားစရာ မရှိတော့ဘူး၊”

လောလော လောလောနဲ့ လုပ်ရင်တော့ အငြင်းပွားစရာတွေဖြစ်ပြီး ပြဿနာ ဆက်တက်ဦး မှာပဲလို့လည်း ပြောပါတယ်။

အစိုးရက တတိယပင်လုံညီလာခံကို ဒီနှစ်ထဲလုပ်ဖို့ စိုင်းပြင်းနေပြီး အပစ်ရပ် လက်မှတ်ထိုး ထားတဲ့ တပ်ဖွဲ့ ၈ ခုက နောင်နှစ် ဖေဖော်ဝါရီမှာလုပ်ဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013