DVB Logo
Home
မြန်မာသတင်း
ရေးမြို့ ရှေးဟောင်းကျုံးကြီး၌ ယောက်ျားလေးတဦး ရေနစ်သေဆုံး
DVB
·
November 22, 2017
ရေးမြို့ ရှေးဟောင်းကျုံးကြီး၌ ယောက်ျားလေးတဦး ရေနစ်သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့ ရှေးဟောင်း အပေါ်ကျုံးကြီးမှာ နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၇ နာရီလောက်က ယောက်ျားလေး တဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြို့မရဲစခန်းထံက သိရပါတယ်။

အခင်းဖြစ်ပွားရာကို မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်သေတွေ သွားရောက်စစ်ဆေးခဲ့ရာ ရေလယ်ရေကန် ရေအနက်ပေ ၄ ပေ ခန့်မှာ သီရိခေမာရပ်ကွက်နေသူ မောင်စန်းထွန်းအောင် (၁၄-နှစ်) သေဆုံးနေတာ  ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ကတည်းက နေအိမ်ကနေ ထွက်ခွာသွားပြီး မနေ့ညအထိ ပြန်မရောက်လာခဲ့တာလို့ သိရပါတယ်။

အခုလို ရေနစ် သေဆုံးရာမှာ ပြင်ပဒဏ်ရာလည်း မတွေ့ရဘူးလို့ အမှုစစ် ဒုရဲအုပ်ထွန်းထွန်းနိုင်က ပြောပါတယ်။

ဖြစ်စဉ်တွေနဲ့ပက်သက်ပြီး သေဆုံးသူ မောင်စန်းထွန်းအောင်ကို ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ဖို့ ရေးမြို့မရဲစခန်းက သေမှုသေခင်းကို နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ချိန်က အမှုဖွင့် အရေးယူထားပြီး အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ်(ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013