DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ လွှတ်တော်နှစ်ရပ်စလုံး အတည်ပြု
DVB
·
November 22, 2017
Donate to DVB

 

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို လွှတ်တော်နှစ်ရပ်စလုံးမှာ အတည်ပြုလိုက်ပြီးကုမ္ပဏီတွေ လုပ်ကိုင်ရတာလွယ်ကူအဆင်ပြေအောင် ဖြေလျှော့ပြင်ဆင်ပေးလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ ပေးပို့လာတဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကြမ်း ကို ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် သာကေတမြို့နယ်ကိုယ်စားလှယ် ဒေါက်တာ ဝေဖြိုးအောင်က အခုအတည်ပြုလိုက်တဲ့ ဥပဒေကြောင့် အသေးစားအလတ်စားလုပ်ငန်းတွေ တိုးတက်များပြားလာနိုင်တယ်လို့ ပြောပါတယ်။

“ကျပ်ထားတဲ့ဟာတွေကို လျှော့ပေးလိုက်တာ ရှိတယ်။ အနိမ့်ဆုံး ကျနော် ပြောရရင် SME တွေ တိုးလာမယ်။ တိုးလာနိုင်တယ်။ ဘာလို့ဆို ကုမ္ပဏီ အသေးလေးတွေအနေနဲ့ အရင်ဥပဒေ အရဆို နှစ်စဉ်ရီပို့တွေလုပ် ဘာတွေလုပ် စာရင်းစစ်တွေခေါ် ဘာပဲဖြစ်ဖြစ် လုပ်ထုံးလုပ်နည်းအရ ကို သူတို့အတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေတယ်။ အဲ့ဒါမျိုးတွေကို ကျနော်တို့ လျှော့ပေးလိုက်တယ်။”

အခု ဥပဒေကြောင့် ပြည်တွင်းကုမ္ပဏီတွေ အလုပ်လုပ်ရတာ လွယ်ကူပွင့်လင်းလာမယ်လို့ လည်း ပြောပါတယ်။

အခု လွှတ်တော်နှစ်ရပ်စလုံးကအတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဟာ ရှိပြီးသား နိုင်ငံခြားသားကုမ္ပဏီနဲ့ နိုင်ငံသားကုမ္ပဏီ ဥပဒေနှစ်ခုကိုရောပြီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်ထားပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ထွက် မလာသေးလို့ နိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုတွေ တိုးမလာသေးဘူးဆိုတဲ့ ဝေဖန်သုံးသပ်ချက်တွေ ထွက်ပေါ်ခဲ့ပြီး အခုတော့ ကုမ္ပဏီများဥပဒေလည်းထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013