DVB Logo
Home
မြန်မာသတင်း

အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်း တင်နိုင်ရန် ဆွေးနွေး

DVB
·
November 22, 2017
အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်း တင်နိုင်ရန် ဆွေးနွေး
Donate to DVB

အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်ကို တင်နိုင်ဖို့အတွက် မန္တလေးမြို့မှာ ရှင်းလင်းဆွေးပွဲပြုလုပ်ခဲ့ပါသည်

ဒီဥပဒေမူကြမ်းကို ဥပဒေပညာရှင်တွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အိမ်ခြံမြေအသင်းအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်း ပါဝင်ဆွေးနွေးခဲ့ပြီး အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေမူကြမ်းထဲမှာ ပါဝင်တဲ့ အချက်အလက်တွေကို အပိုဒ်လိုက်ကို မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီအခမ်းအနားကို အိမ်ခြံမြေအကျိုးတော်ဆောင်တွေနဲ့ ပြည်သူတွေလည်း တက်ရောက်ပြီး အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်ထဲမှာ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေပေါ်ထွက်လာမယ်လို့ အသင်းဥက္ကဋ္ဌ ဦးတင်မောင်က ပြောဆိုထားပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်အောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013