DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မှာ လမ်းဘေးဝိုင်းဖွဲ့သောက်စားသူ ၁၁၀၀ ကျော် ဖမ်းဆီး အရေးယူ
DVB
·
November 22, 2017
ရန်ကုန်မှာ လမ်းဘေးဝိုင်းဖွဲ့သောက်စားသူ ၁၁၀၀ ကျော် ဖမ်းဆီး အရေးယူ
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ၀ိုင်းဖွဲ့ သောက်စားမူးယစ်သူ ၁၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၃၁ ရက်ကနေ့ နိုဝင်ဘာ ၂၁ ရက်အထိ တလလောက်အတွင်း ဖမ်းဆီး အရေးယူခဲ့တာဖြစ်ပြီး ရန်ကုန်ရဲအက်ဥပဒေနဲ့အရေးယူတာ ဖြစ်ပါတယ်။

ခရိုင်အလိုက်ဖော်ပြထားရာမှာ အနောက်ပိုင်းခရိုင်မှာ သောက်စားမူးယစ်သူပေါင်း ၅၉၀ ကျော်နဲ့ အများဆုံး ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။

အရှေ့ပိုင်းခရိုင်မှာ ၂၅၀ ကျော်၊ တောင်ပိုင်းခရိုင်မှာ ၅၀ ကျော်၊ မြောက်ပိုင်းခရိုင်မှာ ၂၀၀ ကျော် ဖမ်းမိခဲ့တာဖြစ်ပြီး အဲ့ဒီသူတွေဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ပန်းခြံ၊ လမ်းဘေး ပလက်ဖာင်း၊ ကန်ဘောင်၊ လမ်းဆုံလမ်းခွ၊ ဂုံးကျော် တံတားစတဲ့ နေရာတွေမှာ အရက်သေစာ ၀ိုင်းဖွဲ့သောက်စားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013